26

9.4K 932 19
                                    

လောကကြီးက ညတုန်းကမိုးသည်းထန်စွာရွာချနေ
တာ သူမဟုတ်သလို အခုတော့ နေရောင်ခြည်နုနုလေ
က တလောကလုံးကို ဖြာကျနေသည်။ သာဘာဝ
လောကကြီး အလှထက် ရှောင်ကျန့်ကတော့ အစိမ်းရောင် စောင်ပုံထဲ ကွေးကွေးလေအိပ်နေတဲ့ ရိပေါ်ကိုသာ မျက်တောင်မခတ်ကြည့်နေမိသည်။ အစောကြီးနိုးနေသော်လဲ မထသေဘဲ ဝါဂွမ်းလုံးလေ၏ အိပ်ယာထဲကအလှကို တမေ့တမောနဲ ငေးလိုနေသည်။သူဝါးဂွမ်းလေက
အိပ်နေတာတောင် ချစ်ဖို့ အရမ်းကောင်းတယ်။ 

"အင်းးးးးး "
ညည်းညူးသံပေပြီးလက်ဖောင်းဖောင်းလေတွေနဲ
မျက်လုံးကိုပွတ်ကာ ရှောင်ကျန့်ကိုတချက် ကြည့်ပြီးရင်ခွင်ထဲပိုတိုးဝင်လာလေသည်။
ပြီးနောက် အသံခပ်အစ်အစ်လေဖြင့်

"နိုးနေတာလာ ကျန့်ကော "

"နိုးတာကြာပေါ့ ဂွမ်းလုံးလေ နိုးရင်ထတော့
ကိုယ်ခေါ်သွားစရာရှိတယ် "

"ဟင့်.. မထချင်ဘူး 5minအိပ်အုန်းမယ် "

"ကားပေါ်မှာဘဲအိပ်တောကွာ အခုထ  မျက်နှာသစ်တော့..ခေါ်သွားစရာ နေရရှိပါတယ်
ဆို  "

"အင်းဟင်း မထဘူး ..မထဘူး  "

ရင်ခွင်ထဲ ပိုတိုးဝင်လာပြီး ငြင်းဆန်နေသော ရိပေါ်၏
ခေါင်းလုံးလုံးလေကို မွှေးကြူးပစ်ပြီး ရှောင်ကျန့်က
ရိပေါ်ကျောပြင်လေကို ပုတ်ပေကာ သက်ပြင်းချ
လိုက်သည်။ 

"၅မိနစ်ဘဲနော်  ကိုယ်ကလေးလေ "

"အွန်း"

ဆက်အိပ်နေသော ရိပေါ်၏နဖူးကိုတချက်နမ်းပြီး
ရှောင်ကျန့်ကအိပ်ရာထလိုက်သည်။ သူရေအရင်ချိုးကာပြင်ဆင်းပြီး ရိပေါ်ဝတ်မယ် အင်္ကျီကို ကုတင်ပေါ်၌တင်ထားပေးလိုက်သည်။
အစိမ်းရောင် အင်္ကျီလေ သူဝါဂွမ်းလေက အစိမ်းရောင်နဲ သိပ်လိုက်ဖက်တယ်။

စောင်ပုံထဲ တိုးဝင်ပြီး အိပ်နေသော ရိပေါ်ကို
ရှောင်ကျန့်က ဆွဲထူကာ

"ဆက်မအိပ်နဲတော့လေရိပေါ် ကိုယ်အင်္ကျီထုတ်ထားပေတယ် ရေချိုးပြီးဝတ်လာ ကိုယ်မနက်စာပြင်လိုက်အုန်းမယ် "

"အင်းအင်း မအိပ်တော့ဘူး  "

ငုတ်တုတ်ထထိုင်လာတဲ့ ရိပေါ်က စောင်တွေကို
ကန်ချပြီး ရေချိုးခန်းထဲ
ဒယိမ်းဒယိုင်ဝင်သွားနေသည်။ ရှောင်ကျန့်ကလဲ ရိပေါ်အိမ်၏ မီးဖိုးချောင်ထဲဝင်ကာ ကော်ဖီ၂ခွက်နဲ ပါးမုန့်ကိုမီကင်း  ယိုသုတ်ပြီးစားပွဲခုံးပေါ်၌ ရိပေါ်
ထွက်လာရင် အသင်စားရန်ပြင်ဆင်ထားလေသည်။ ထိုနောက် သင်းပျံ့သော ကိုယ်သင်းရနံန၏အတူ ရှောင်ကျန်ချစ်တဲ့ဝါဂွမ်းလုံးလေက မီးဖိုးချောင်းထဲ လှုပ်တုပ်လှုပ်တုပ်ဖြင့် ဝင်လာခဲ့သည်။

ဟန်ဆောင်လက်ထပ်ခြင်းWhere stories live. Discover now