31

8.9K 908 22
                                    

ဒီနေ့ ရှောင်အိမ်တော်မှာ party ပွဲတခု ကျင်းပမယ်
ဆိုတာကြောင့် အိမ်တအိမ်လုံး အလုပ်များသည်။
အများဆုံးက ရိပေါ်ဘဲ ရှောင်မားရဲ့တချက်လွတ်
အမိန့်ကြောင့် ရိပေါ်က မီးဖိုးချောင်းထဲကမထွက်ရဘဲ
အစားအသောက်အတွက်ပြင်ဆင်နေသည်။

ဘာပွဲလဲဆိုတာကိုတော့ အိမ်တော်သခင်မကြီးက ဘာမှမပြောဘဲ ဒီတိုင်းစီစဉ်ခိုင်းသည်။ ရိပေါ်နဲ ရှောင်မားက ငြိမ်းချမ်းရေးရတာတော်တော်လေ
ကြာပြီးဖြစ်သည်။ ရှောင်မားကလဲရိပေါ်ကို
သားအရင်းတယောက်လိုချစ်ပြီး ရိပေါ်ကလဲ
ရှောင်မားကို အမေအရင်းတယောက်လိုလဲ
ချစ်သည်။ ဒီသားအမိ၂ယောက်ရဲချစ်ခြင်းကို
ရှောင်ပါးနဲ ရှောင်ကျန့်က မနာလိုရအောင်ဖြစ်
ရသည်။ 'ရန်ဖြစ်တော့လဲ ဒီ၂ယောက် အရမ်းချစ်နေ
ကြတော့လဲ ဒီ၂ယောက်'ဆိုပြီး ရှောင်ကျန့်နဲ
ရှောင်ပါးက ရိပေါ်တို့ သားအမိကို အရမ်းစသည်။
ပျော်ရွှင်စရာအချိန်တွေပါဘဲ။

Partyကို ဘာကြောင့် ကျင်ပလဲဆိုတာရိပေါ်
ထပ်ခါ ထပ်ခါ သိချင်လို မေးတော့လဲ ရှောင်မားက မသိချင်ယောင်ဆောင်သည်။ ယအခုတလောရိပေါ်ကအဆင်ပြေနေသလောက် ကျန့်ကောကတော့အဆင်မပြေနေဘူး။ ရိပေါ်နဲ ကျန့်ကောကို ရှောင်မားက သပ်သပ်စီ အခန်းခွဲအိပ်ခိုင်းသည်။အခန်းခွဲအိပ်ခိုင်း
လဲ မနက်မိုးလင်းရင် ရိပေါ်က ရှောင်ကျန့်ရင်ခွင်ထဲ
ကိုရောက်နေတာဘဲ ဒီလူကြီးက သူနဲ နည်းနည်း
လေတောင်မခွဲနိုင်ပါဘူးတဲ့။

အခုလဲ မီးဖိုးချောင်မှာ ရိပေါ်အနားကို တောက်တဲ့
တကောင်လိုကပ်ပြီး ဟိုဟာ နှိက်စား ဒီဟာနှိက်စား
နဲ့ ကြက်ကြော်တုံးကြီးက ရှောင်ကျန့်လက်ထဲ
ရောက်နေပြန်ပြီး ။

"ကျန့်ကော "

"ဗျာ "

ကြက်ကြော်တုံးကို ကိုက်ရင် ရှောင်ကျန့်ကထူး
လာသည်။ ရိပေါ်က ရှောင်ကျန့်လက်ထဲက
သူကြော်ထားတဲ့ ကြက်ကြော်တုံးကိုကြည့်နေပြီး 

"အဲတာ ဧည်သည်တွေ အတွက်နော် ကျန့်ကော
စားရင်နဲကုန်ပြီး !! ဘာလို နှိက်နှိက်စားနေရတာလဲ "

"မိန်းမ လက်ရာက အရမ်းစားကောင်းတာကို
ကြက်ကြော်နံက အရမ်းမွေးနေတာဘဲကွ  "

ဟန်ဆောင်လက်ထပ်ခြင်းWhere stories live. Discover now