32(The End )

13.1K 969 38
                                    

ရှောင်ကျန့်နဲ့ ရိပေါ်က အဖြူရောင်ကုတ်အင်္ကျီ
ကိုယ်စိဝတ်ပြီး သူတို့အိပ်ခန်းထဲ၌ ထိုင်နေသည်။ ရိပေါ်ကလူအများကြီးနဲကျင်းပသောpartyပွဲကြောင့် စိတ်လှုပ်ရှားနေသည်။ ရှောင်ကျန့်ကတော့ ဘာမှမထူးဆန်သည့်အလာတည်ငြိမ်စွာနေနေလေ
သည်။partyပွဲက ဒီလောက်ထိ လူများမယ်မှန်
ရိပေါ်ထင်မထားပေ။ မတော်လို သူတို့အကြောင်း
သိသွားရင်  အမေနဲ အဖေရဲ့သိက္ခာထိမှာ ရိပေါ်
မလို့လာဘူး။ အခု အမေရဲ့ ခေါ်မှာလာဆိုတဲ့
အမိန့်တခွန်းကြောင့် အခန်းထဲမှာ ပြင်ဆင်ပြီး နေနေရသည်။

ရိပေါ်က စိတ်လှုပ်ရှားပြီးယောင်ယက်ခတ်နေသလောက်  ရှောင်ကျန့်ကတော့ နက်ခတိုင်ကိုပုံကျစွာ  အေးဆေးပြင်နေလေသည်။

"ကျန့်ကော "

"ပြောလေ ရိပေါ် "

"အမေက ဘာလို လူအများကြီးခေါ်ပြီး ဒီပွဲကျင်းပရတာလဲ ကျွန်တော်တို့ အကြောင်းသိသွားမှာဖြင့်.. "

"သိလဲ ဘာဖြစ်လဲ ကိုယ်တော့ဂရုမစိုက်ဘူး "

"သိရင်..အမေတို့သိက္ခာကျမှာပေါ့ သူတို့သားက
ယောကျာ်းတယောက်နဲအတူတူရှိနေတာကို "

"ဘာဖြစ်လို အဲလိုတွေးနေရတာလဲ ရိပေါ် ကိုယ်က
မင်းကိုတိတ်တိတ်လေလက်ထပ်မယ်များထင်နေလို့လား သူတို့ ဒီနေ့မသိရင် နောက်တချိန်ကိုယ်တို့အကြောင်းသိမှာဘဲ စောစော သိတာနဲ နောက်ကျမှသိတာဘဲကွာတယ်  အရမ်းမတွေးနဲ ၀မ်ငယ်ဘဲပင်းပန်းမယ် "

သူနားမှာထိုင်နေတဲ့ ရိပေါ်ရဲ ပါးဖောင်းဖောင်းလေ
ကို ခပ်ဖွဖွဆွဲပြီး ရှောင်ကျန့်က ပြုံးပြီးပြောလေ
သည်။ ရှောင်ကျန့်ရဲ့ အပြုံးက ရိပေါ်ရင်ထဲက
စိုးရိမ်းမှုတွေကို အနည်းငယ်သက်သာစေသည်။

"ဟင်..ဘာလို ဒီလိုပွဲမျိုးကျင်းပရတာလဲနော်"
ရိပေါ်က တိုးတိုးလေ ရေရွတ်ပြီး ပြတင်ပေါက်
ဘက်ကိုထသွားလေသည်။ ရှောင်းကျန့်ကလဲ ထိုင်နေရမှထပြီး ရိပေါ်ဆိသွားကာ
ခါးနောက်ကနေ ပွေးဖက်လိုက်လေသည်။ပြီးနောက်
လည်းဂုတ်ပေါ်၌ ရှိသော မှဲ့နက်လေတွေကို နှုတ်ခမ်း
နဲပွတ်ဆွဲကာ အနမ်းပေလေသည်။  

"ဘာမှကိုမှမတွေးနဲဝမ်ငယ်.. ကိုယ်အကြောင်းကိုဘဲ ထိုင်တွေးနေတော့ "

ဟန်ဆောင်လက်ထပ်ခြင်းWhere stories live. Discover now