🍑 18 🍑

8.7K 972 47
                                    

// Unicode //
~~~~~~~~~~

ရူပါရဲ့အကြံကိုကြားသိလိုက်ရသောအခါတွင် ရှင်းသန့် မျက်နှာမှာဆီးရွက်လောက်သာ ရှိတော့သည်။

" ဖြစ်ပါ့မလား ရူပါရာ "

" ဖြစ်ပါတယ်ဆိုကွာ၊ ဖိတ်စာရိုက်ဖို့သာ တွေးထားလိုက်တော့ "

ရူပါပြောသည့် အစ်ကို့ကိုပိုင်ဆိုင်ရအောင်လုပ်မယ့် နည်းလမ်းမှာ အနည်းငယ်မတရားမှုတွေပါဝင်နေသည်။ အခန့်မသင့်လျှင် ကာမလိမ်လည်မှုနှင့်ထောင်နန်းစံရကိန်းပါရှိသည်။

" အဲ့ဒါက..ဟိုကွာ.. နည်းနည်းကြောက်စရာကောင်းနေတယ်၊ ငါတော့ ‌ထောင်ထဲ‌ရောက်မယ့်အဖြစ်တွေမြင်နေသလိုပဲ "

ရှင်းသန့်ရဲ့ မချိတင်ကဲရေရွတ်သောစကားကြောင့် ရူပါ စိတ်ပျက်သလိုကျစ်ခနဲအသံထွက်လာ၏။

" ငါပြောချင်တာကကွာ..အဲ့နည်းလမ်းက..ဟို..မတရားရာကျနေသလားလို့ "

" ‌ဟေ့ကောင် ရှင်းသန့်.. အချစ်မှာ တရားတာတွေ၊ မတရားတာတွေမရှိဘူး၊ ပိုင်ဆိုင်မလား.. လက်လွှတ်မလားဆိုတာပဲရှိတယ် "

ရူပါပြောလိုက်တော့ အစတည်းကမရွှင်လန်းသော ရှင်းသန့်မျက်နှာလေးမှာ ပိုပြီးညှိုးငယ်သွားသည်။ တကယ်ဆို ရှင်းသန့်လည်း ဘာလုပ်ရမယ်ဆိုတာ ဝေခွဲမရပါ။ အစ်ကို့ကိုချစ်သည်။ အစ်ကို့အနားမှာနေချင်သည်။ တခြားသူလက်ထဲပါသွားမှာလည်းစိုးရိမ်သည်။ သို့သော်လည်း မတရားသည့်အကြံတွေသုံးပြီး တစ်ဖက်သတ်ဆန်စွာနဲ့ အစ်ကို့အားမပိုင်ဆိုင်လိုပါ။

" ငါဘာလုပ်ရမှန်းမသိဘူး ရူပါ "

" သေချာစဉ်းစားပေါ့၊ မင်းချစ်တဲ့သူကိုပိုင်ဆိုင်ရပေမယ့် အဲ့ဒါက မင်းကိုတစ်သက်လုံးစိတ်ညစ်စေမယ်ဆိုရင်လဲ မကောင်းဘူးမလား "

ထိုစကားအား ရူပါကအလေးအနက်ဖြင့်ပြောသည်။

" ငါမင်းကိုဖိအားပေးသလိုဖြစ်သွားတယ်၊ မင်းဘာသာစဉ်းစား‌ရမှာ "

ကောင်တာ‌တွင်ထိုင်နေသော အစ်ကိုနှင့်ရွှန်းလဲ့ဆိုသူ အမျိုးသမီးကို ရှင်းသန့် တွေတွေလေးငေးကြည့်နေ၏။ သူ့ဘဝထဲရောက်လာကာမှ အစ်ကို့ရဲ့နွေးထွေးသည့်အပြုံးတွေပျောက်ကွယ်သွားရင်.. ။

You'll also like

          

" ငါပြောတဲ့အကြံကို မိုးသောက်ကိုမပြောနဲ့‌နော်၊ သူသိရင် ငါတို့နှစ်ယောက်လုံး အဆဲခံရမှာ "

ရူပါကခပ်တိုးတိုးပြောလာသောကြောင့် ရှင်းသန့်ရယ်မိသည်။ မိမိတို့သူငယ်ချင်းသုံးယောက်ထဲတွင် မိုးသောက်ကလူကြီးဆန်ပြီး သူတို့နှစ်ဦးကို အမြဲစောင့်ကြည့်နေတတ်သူဖြစ်သည်။ ရူပါမဟုတ်တာလုပ်လို့ သိသွားရင်လည်း နရင်းအုပ်ကာဆဲတတ်သေး၏။

" ငါပြန်တော့မယ်၊ ပြောစရာရှိရင် ဖုန်းဆက်လိုက် "

ရူပါ နှုတ်ဆက်ပြီးပြန်သွားသည်။

ဧည့်ကြိုနေရာတွင်ရပ်နေရင်း ကောင်တာမှတစ်ယောက်သောသူဆီ အကြည့်တို့ရောက်သွားတော့ ပြုံးနေသောမျက်နှာချောချောအားတွေ့လိုက်ရသည်။ အပူအပင်ဆိုတာမရှိတဲ့အတိုင်း အစ်ကို့ကို‌ကြည့်လိုက်ရင် အမြဲအေးအေးချမ်းချမ်းရှိနေသည်။ ထိုအေးချမ်းမှုဟာ အစ်ကို့နားကလူတွေဆီကိုပါ ကူးစက်စေသည်။

* ရွှန်းလဲ့ကို ကိုယ်လက်ထပ်ခွင့်တောင်းမလို့.. *

ပိုင်ဆိုင်ရမယ်လို့မတွေးခဲ့ဖူးသော်လည်း လက်လွှတ်ရတော့မယ်ဆိုတဲ့အသိကတော့ ရှင်းသန့်ကို အခါခါသတ်သည်။

* အချစ်မှာ တရားတာတွေ၊ မတရားတာတွေမရှိဘူး၊ ပိုင်ဆိုင်မလား..လက်လွှတ်မလားဆိုတာပဲရှိတယ် *

ဒါဆို အချစ်ကြောင့်ဖြစ်လာတဲ့ အတ္တဆိုရင်လည်း မမှားယွင်းဘူးမဟုတ်လား။ ချစ်တဲ့သူကိုပိုင်ဆိုင်ရဖို့ ကြိုးစားတာလည်း အတ္တဆန်တယ်ဆိုရင်တောင် တစ်ဘဝလုံးနောင်တရနေမယ့် အမှားတစ်ခုတော့ဖြစ်မလာနိုင်ဘူး မဟုတ်လား။

တောင်းပန်ပါတယ် အစ်ကို။
ဒါဟာ အမှားတစ်ခုဆိုရင်တောင် ချစ်မိလို့ကျူးလွန်းခဲ့တယ်လို့ ဖြည့်တွေးပေးနိုင်မလား..။

~~~~~~~~~~ It's Ok , That's Love ~~~~~~~~~~

အချိန်အားဖြင့် ည ၁၀နာရီ။
ဒီအချိန်မှ ရူပါက ထွက်ခဲ့ဖို့ခေါ်တော့ ချိုသာ ငြင်းရခက်သည်။ မေမေ ဘုရားရှိခိုးပြီး အခန်းထဲဝင်သွားမှ ညီမဖြစ်သူ နေခြည့်ကိုပြောပြီး အိမ်ကထွက်လာခဲ့သည်။

ချိန်းသည့်နေရာက နာမည်ကြီးစားသောက်ဆိုင်တစ်ဆိုင်။ သူရောက်သွားတော့ ရူပါဆိုတဲ့ကောင်လေးက ဝိုင်းတောင်တည်နေပြီ။ သီးသန့်ခန်းတစ်ခန်းယူထားပြီး အရက်ဝိုင်းနဲ့ဇိမ်ကျနေသော ကောင်လေးအား ခေါင်းကိုဖွဖွပုတ်တော့ ခါတိုင်းနဲ့မတူဘဲ အသာတကြည်ငြိမ်ခံနေ၏။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now