🍑 31 🍑

7.8K 891 65
                                    

// Unicode //
~~~~~~~~~~

" ဒီအစကြီးက ဘာလို့ထွက်နေတာလဲ "

လင်းရူပါသွင်တစ်ယောက် ပုဆိုးတစ်ထည်ဖြင့်တိုင်ပတ်နေသည်။ ကျောင်းတက်စဥ်ကတောင် ပုဆိုးကိုခါးပတ်နဲ့ဝတ်ပြီး ဘောင်းဘီပဲဝတ်လာတဲ့သူ့အတွက် ပုဆိုးဝတ်ဖို့ဆိုတာ ခက်ခဲတဲ့အလုပ်ဖြစ်သည်။ တစ်စတို တစ်စရှည်ဖြစ်လိုက်၊ ခါးပုံစကလည်းအရှည်ကြီးထွက်နေတာ ဇာတ်မင်းသာလိုလို ဘာလိုလို။

" ဟာကွာ.. ဒါကြီးက ဘာလို့ထွက်ထွက်လာတာလဲ "

စိတ်တိုတိုဖြင့် ချွတ်ချလိုက်ရရင် မကောင်းရှိတော့မည်။ နဖူးပေါ်ကျနေသော ဆံပင်တွေကို ‌လေဖြင့် ဖူးခနဲမှုတ်လိုက်ရင်း နားသယ်စပ်မှချွေးများကိုလည်း သုတ်လိုက်၏။

" စိတ်ရှည်နေတုန်း ရလိုက်နော်၊ စိတ်မရှည်တော့ရင် ဓားနဲ့ခုတ်ပစ်မှာ "

ထိုအချိန်တွင် အခန်းထဲသို့ ထွဋ်ခေါင်ဝင်လာ၍ ရေနစ်နေတဲ့အချိန် ကယ်တင်ရှင်တွေ့လိုက်ရသလို ရူပါ ပျော်သွားသည်။

" အချိန်ကိုကြည့်ဦး၊ မင်း.. "

" ဝတ်ပေးပါလား ကိုကို "

လက်နှစ်ဖက်ဖြင့် ပုဆိုးကိုကိုင်ကာရင်ခေါင်းအထိဆွဲတင်ထားသော ရူပါ့ကိုတွေ့တော့ ထွဋ်ခေါင် စကားလုံးတွေရပ်သွားသည်။ စိတ်ရှုပ်သွားသော မျက်နှာထားဖြင့်အနားကိုလျှောက်လာတော့ ရူပါလည်း လက်ထဲကပုဆိုးစကို ပေးလိုက်သည်။

" မဝတ်တတ်ရင် ဘောင်းဘီပဲဝတ်‌လေ "

" အကုန်လုံးပုဆိုးတွေ လည်ကတုံးတွေနဲ့လာမှာဗျ၊ ကျွန်တော်တစ်ယောက်တည်း ကွဲထွက်နေလို့မကောင်းဘူးလေ "

ထပ်မပြောတော့ဘဲ ပုဆိုးကိုယူကာ ဖြန့်လိုက်တဲ့အချိန်တွင် ထွဋ်ခေါင် မျက်လုံးတို့ပြူးကျယ်သွားကာ ထအော်တော့သည်။

" မင်း !!! ဘာလို့ အောက်မှာဘာမှမဝတ်ထားတာလဲ !! "

ထွဋ်ခေါင်ရဲ့အော်သံဟာ သူ့ကိုလွင့်ပြာလွင့်အောင်လုပ်နေသည့်အလား။

" မေ့သွားလို့‌ပါ၊ ပြီးရင်ဝတ်မှာပေါ့ "

မျက်နှာလွှဲကာ မျက်ခုံးနှစ်ဖက်ကြားနေရာကို လက်မနှင့်လက်ညှိုးဖြင့် ဖိနှိပ်နေသော ထွဋ်ခေါင်ကိုကြည့်ပြီး ရူပါ မကျေမချမ်းဖြင့်စကားဆိုသည်။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now