// Unicode //
~~~~~~~~~~ကုတင်ပေါ်မှောက်ကာအိပ်ပျော်နေသည့် ချာတိတ်။ ခါးတွေညောင်းနေတော့မှာကို တွေးမိသော်လည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာဖြစ်၍ မနှိုးချင်။ မေမေကတော့ ဆရာဝန်သွားခေါ်နေသည်။
အိပ်မောကျနေသည့်မျက်နှာလေးကို ငေးကြည့်ရင်း မနေ့ညကအကြောင်းတွေ အတွေးထဲဝင်ရောက်လာသည်။ " မသေပါနဲ့.. မျက်လုံးမမှိတ်ပါနဲ့ " ဆိုတဲ့စကားကိုပဲ ထပ်ခါတလဲလဲရေရွတ်ပြီး ငိုနေတဲ့ ချာတိတ်လေး။ ရန်ငြိမ်းဝေ ပြုံးမိသွားသည်။
သူငေးနေစဉ်မှာပဲ ချာတိတ်ကိုယ်လေးလှုပ်ရှားလာပြီး မျက်လုံးတွေလည်းပွင့်လာသည်။ သူ့ကိုတွေ့တော့ အိပ်နေရာမှငေါက်ခနဲထထိုင်၏။
" ခင်ဗျား ဘယ်လိုနေသေးလဲ၊ နာနေသေးလား "
" နာတယ် "
" အန်တီကဘယ်သွားနေတာလဲ "
" ဒေါက်တာသွားခေါ်တယ် "
ထိုင်မရ၊ ထမရတွေဖြစ်ကာပျာပျာသလဲဖြစ်နေသည့် ချာတိတ်ကြောင့် ရန်ငြိမ်းဝေ ရယ်လိုက်မိသည်။ ထိုအခါ ဝမ်းဗိုက်မှဒဏ်ရာက တဆစ်ဆစ်နာသည်။ သူတစ်ချက်မဲ့သွားတော့လည်း ချာတိတ်မနေနိုင်စွာ အနားကိုတိုးလာသည်။
" အရမ်းနာနေတာလား၊ ငြိမ်ငြိမ်လေးနေနော်၊ ဒဏ်ရာကနက်သွားတယ်တဲ့ "
မိမိက ဒဏ်ရာရထားသူဖြစ်သော်လည်း ဟန်မဆောင်နိုင်အောင်မျက်နှာပျက်နေသူမှာ မိုးသောက်ဖြစ်သည်။
" ဆရာဝန်ကိုသေချာပြောနော် "
" အင်း "
ထိုအချိန်မှာပဲ အခန်းထဲသို့ မေမေနှင့်အတူ ဆရာဝန်ရောက်လာသည်။ သူနာပြုတစ်ယောက်လည်း ဘေးတွင်လိုက်ပါလာသည်။ အနာကိုဂရုစိုက်ရမယ့်အကြောင်းနှင့် ရေမစိုရန်သတိပေးရင်း ဆေးစာရေးပေးပြီးနောက်မှာ ပြန်ထွက်သွားကြသည်။
" မိုးသောက်ရှိတုန်း မေမေအိမ်ပြန်ပြီး လိုအပ်တာတွေသွားယူဦးမယ်၊ အိမ်ကဟာတွေကိုခိုင်းဖို့ စိတ်တိုင်းမကျလို့ "
" မိုးသောက်က အလုပ်ရှိသေးတယ်မလား "
ဘေးတွင်ရပ်နေသူကိုကြည့်ပြီး သူပြောလိုက်ခြင်းဖြစ်သည်။ ထိုအခါ လက်ကနာရီကို ငုံ့မိုးကြည့်ရင်း မိုးသောက် ဆိုလာသည်က..
YOU ARE READING
𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗
Romanceပထမဆုံးအရေးသားမို့ လိုအပ်ချက်တွေများပြီး ဇာတ်အိမ်ပေါ့ပါတယ်။