// Unicode //
~~~~~~~~~~သူငယ်ချင်းဖြစ်သူ ထွဋ်ခေါင်ရဲ့ကောင်းမှုဖြင့် မနက်ဖြန်ဆိုလျှင် ရှင်းသန့် နယ်သို့သွားမည်ဖြစ်ကြောင်း သိလိုက်ရသည်။ ဒီညပဲ ထွဋ်ခေါင်တို့အိမ်မှာ ညစာအတူတူစားကြမည်တဲ့။ ချစ်လှစွာသော ညီမဖြစ်သူ နေခြည်လည်းပါသော်ငြား သူဘာမှမသိရ။ ရှင်းသန့်ကိုခံစားရအောင်လုပ်တယ်ဆိုသည့်စွဲချက်ဖြင့် အမြင်မကြည်ဖြစ်နေသည်လေ။
ထွဋ်ခေါင်တို့ဆီရောက်သွားချိန်တွင် ရှင်းသန့်နှင့် နေခြည်က မုန့်ထွက်ဝယ်နေကြ၍ မရှိ။ ရူပါကတော့ သူ့ကိုမြင်တာနှင့် ထွဋ်ခေါင်အနားကမခွာ။
" ကျွန်တော့်သူငယ်ချင်းကို အပြစ်မတင်ပါနဲ့တော့ ကိုခွန်း၊ ကျွန်တော့်အမှားက ပိုများတာပါ "
ထွဋ်ခေါင် အနောက်မှာကပ်နေပြီး ခေါင်းငုံ့ကာ တတွတ်တွတ်ပြောနေသည်။
" ဒါရိုက်တာဖြစ်ဖြစ်၊ ဇာတ်ညွှန်းရေးဆရာဖြစ်ဖြစ် လုပ်ပါလား ရူပါ၊ ကိုယ်အားပေးမယ်လေ "
သူပြောလိုက်တော့ ဘုဆတ်ဆတ်ပြန်ကြည့်သည်။
" စမနေပါနဲ့တော့ ချိုသာရာ.. "
" ဪ.. မင်းဟာလေးက ဉာဏ်များပြီး ငါ့ကိုဂွင်ရိုက်သွားတာလေ၊ ငါက နည်းနည်းလေးတောင် ပြန်စလို့မရဘူးလား "
သူ့စကားအဆုံး ထွဋ်ခေါင် အနောက်မှာတိုးကပ်နေသည့် ရူပါ့ဆီမှ အသံဆာဆာကထွက်လာသည်။
" ဂွင်ရိုက်တာမဟုတ်ပါဘူး၊ ကျွန်တော်က ရှင်းသန့် ခံစားနေရတာ မကြည့်ရက်လို့ "
" အဲ့လိုလား.. သူငယ်ချင်းကောင်းပီသတယ်နော် "
" ဒါပဲလေ "
ပြောပြီး မျက်နှာပြောင်ပြနေသော ရူပါ့ထံ လက်ရွယ်လိုက်တော့ ထွဋ်ခေါင်ကတားလေသည်။ ရူပါ့ကို ရင်ခွင်ထဲဆွဲသွင်းပြီး သည်းသည်းလှုပ်နေသောမြင်ကွင်းကြောင့် ခွန်းချိုသာဟန်မှာ မျက်စိနောက်၍ အပြင်သို့ထွက်လာခဲ့ရသည်။ ထိုအချိန်မှာပဲ ခြံရှေ့တွင်ကားတစ်စီးရပ်လေသည်။
ကားပေါ်မှဆင်းလာသော နေခြည်က သူ့ကိုတွေ့တော့ မျက်ခုံးပင့်၏။ သူတွေ့ချင်တာ နေခြည်မဟုတ်၍ သူမကိုဂရုမစိုက်အား။ ရှင်းသန့်ကိုသာ မျှော်ကြည့်နေမိသည်။ သိပ်မကြာပါ။ အထုတ်ကြီးငယ်များဖြင့် ရှင်းသန့် ကားပေါ်မှဆင်းလာသည်။ မထင်မှတ်ဘဲ သူ့ကိုမြင်လိုက်ရသောကြောင့် အံ့ဩသွားပုံရသည်။
YOU ARE READING
𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗
Romanceပထမဆုံးအရေးသားမို့ လိုအပ်ချက်တွေများပြီး ဇာတ်အိမ်ပေါ့ပါတယ်။