Part 6

2.9K 130 7
                                    

By Unicode

"အန်တီထွေး ဆူဇီစျေးသွားတော့မယ် ဝယ်ရမယ့်စာရင်းကိုပေးတော့လေ"

"အော် အေး ဟုတ်သားပဲ အန်တီထွေးမေ့နေတာ အခန်းထဲမှာသွားယူပေးမယ်နော်"

"ဘယ်သူကမင်းကိုစျေးသွားခိုင်းလို့လဲ"

မမျှော်လင့်ထားသောစကားတစ်ခွန်းကြောင့် ဆိုဖာခုံပေါ်မှာ​ငြိမ့်​ငြိမ့်ကြီးထိုင်နေတဲ့ လွှမ်းမိုးစျာန်ဆီကိုသူမချက်ချင်းလှမ်းကြည့်မိလိုက်သည်

"သား အန်တီထွေးကဒီနေ့ခေါင်းနည်းနည်းမူးနေလို့ ဆူဇီလေးကိုစျေးသွားဝယ်ခိုင်းတာပါ"

"အန်တီထွေးခေါင်းမူးနေတယ်ဆိုရင်လဲဘာမှ မချက်နဲ့ ကျွန်တော့်ဘာသာအပြင်မှာပဲစားလိုက်တော့မယ် ဒါပေမယ့်သူ့ကိုတော့ဘယ်မှ မထွက်ခိုင်းနဲ့"

"ဘာဖြစ်လို့လဲ ဆူဇီ့ကိုဘာလို့ဘယ်မှမထွက်ခိုင်းရတာလဲ"

အထွန့်တက်မိပြန်တဲ့လျှာရှည်လွန်းတဲ့ကိုယ့်ကိုကိုယ်ထုပစ်ချင်မိသည်

"ငါကမထွက်နဲ့ဆိုမထွက်နဲ့ပေါ့ မင်းကဘာလို့လျှာအရမ်းရှည်နေရတာလဲ ဒါငါ့ရဲ့အမိန့်ပဲ မင်းဒီခြံထဲကနေခြံပြင်ကိုတစ်လှမ်းတောင်မထွက်ရဘူး"

ပြောပြီးတာနဲ့ကားသော့ကောက်ကိုင်ပြီးထွက်သွားတဲ့လွှမ်းမိုးစျာန်ရဲ့ကျောပြင်ကိုငေးကြည့်ရင်းသာသူမဒေါသတွေကိုဖြေလျော့နေရသည် သူမကိုတိရစ္ဆာန်တစ်ကောင်လိုပိတ်လှောင်ထားချင်တာလား တကယ်ပဲဒီလိုလုပ်ဖို့လိုအပ်လို့လား

"တစ်ကိုယ်ကောင်းဆန်လွန်းတယ် သူက တော့အပြင်မှာဝယ်စားလို့ရတာပေါ့ ဒါပေမဲ့ အိမ်မှာနေခဲ့တဲ့သူတွေကဘာသွားစားရမှာလဲ"

"မပူပါနဲ့ သမီးရယ် အန်တီထွေးတို့ခေါက်ဆွဲပြုတ်စားကြတာပေါ့ သမီးပဲခေါက်ဆွဲပြုတ်ဆိုရင်သမီးလက်ရာကအကောင်းဆုံးဆို အန်တီထွေးကိုလုပ်ပြစမ်းပါ"

"အန်တီထွေးကလဲ အဲ့ဒါသမီးကလျှောက်ပြောတာပါ ခေါက်ဆွဲပြုတ်မှာကသူ့ဟာသူ အချဥ်အစပ်ထုပ်တွေကပါပြီးသားကို သမီးကဘာထပ်လုပ်စရာလိုသေးလို့လဲ"

I'm your Master(You're Mine)Where stories live. Discover now