Part 13

2.5K 109 2
                                    

Unicode

"မမလေးရယ် sofyခြေထောက်တွေညောင်း နေပြီ ဘယ်companyကိုဆက်သွားဦးမလို့လဲ"

"ငါအလုပ်ရှာနေတာလေ မရမချင်းလိုက်ရှာရ မှာပေါ့ ပြီးတော့ငါတို့ကကားနဲ့သွားလာနေရတာကို နင်ကဘာလို့ညောင်းရတာလဲ"

"ကားနဲ့လာတယ်ဆိုပေမယ့် companyဟိုးအ ပေါ်ထပ်ထိအဲ့ကားနဲ့တက်လို့ရတာမှမဟုတ်တာ လမ်းလျှောက်ရသေးတာပဲ"

"အာ့ကြောင့် နင့်ကိုအောက်မှာပဲစောင့်နေလို့ ပြောတယ်လေ နင်ကဘာလို့အပေါ်ထိလိုက် လာလဲ"

"Bossကမမလေးကိုစောင့်ကြည့်ခိုင်းထားတာလေ sofyကသေချာလိုက်ကြည့်မှဖြစ်မှာပေါ့ မမလေးကလေအိမ်မှာဒီတိုင်းနေလို့ရတဲ့ဟာ ကို ဘာလို့အလုပ်ရှာချင်နေမှန်းမသိဘူး Boss သိရင်Sofyတို့ကိုဘာပြောဦးမလဲမသိဘူး"

"ကဲ တော်ပါတော့ ကားကိုပဲသေချာအာရုံစိုက် ပြီးမောင်းစမ်းပါ Chinaမှာမောင်းနေတာမဟုတ်ဘူး အာရုံစိုက်ပြီးမောင်း အဲ့လိုမှန်းသိရင် ငါDavidကိုပဲခေါ်လာခဲ့ပါတယ်"

ဆူးမေအလုပ်လိုက်လျှောက်နေခဲ့တာမနက်ရှစ်နာရီကတည်းက အခုဆိုဆယ့်နှစ်နာရီတောင်ထိုးပြီ Companyအားလုံးကဆူးမေကို ငြင်းကြသည့်အကြောင်းရင်းက Experience မရှိလို့တဲ့ အရင်ကဘယ်အလုပ်မှာမှမလုပ်ခဲ့ဖူးတာကြောင့် Company တော်တော်များများက Experience ပိုရှိတဲ့သူတွေကိုသာဦး စားပေးပြီးအလုပ်ခန့်တယ် သူအလုပ်ရှာတာ ကိုDavidတို့လင်မယားကတော့ အထူးအ ဆန်းလုပ်နေလေရဲ့ တကယ်တော့သူကိုကို့ရဲ့ ပိုက်ဆံတွေချည်းထိုင်သုံးဖြုန်းပြီးမနေချင်ဘူး သူ့ကိုယ်ပိုင်ငွေလေးနဲ့သူနေချင်တယ် ဒါ ပေမယ့်ဒီလိုပုံစံမျိုးနဲ့တော့ဘယ်companyက များသူ့ကိုလက်ခံပါ့မလဲနော်

""""""ဒုန်း"""""""

ကားရဲ့ရုတ်တရတ်ဆောင့်တိုက်မှုတစ်ခုကြောင့် ဆူးမေထိုင်နေရာကနေအရှေ့ကိုယိမ်းထိုး သွားသည်

"Sofy ဘယ်လိုဖြစ်တာလဲ"

"ဟို တိုက်တာ ကားတိုက်တာ"

"ဟယ် ဒုက္ခပါပဲ နင်ဘာဖြစ်သွားသေးလဲ"

"ဘာမှမဖြစ်ပါဘူး မမလေးရောဘာဖြစ်သွားသေးလဲ"

I'm your Master(You're Mine)Where stories live. Discover now