Part 14

2.2K 101 5
                                    

Unicode

"အကို ဒီထဲကလိပ်စာကဒီနေရာဟုတ်ပါတယ်နော်"

"ဟုတ်ပါတယ် ညီမရဲ့ ဟိုမှာကြည့်လေ ကုမ္ပဏီကြီးကိုတွေ့နေရတာကို"

Taxiသမားလက်ထိုးပြရာကိုကြည့်လိုက်တော့ အထပ်ပေါင်းများစွာရှိလှတဲ့တိုက်ကြီး တစ်ခု အပေါ်ဆုံးအထပ်ထိမော့ကြည့်လိုက်တဲ့အခါမှာတော့ SataZen ဆိုတဲ့Sign Board ကိုတွေ့ရသည်

"အော် ဟုတ်သားပဲ အကိုဘယ်လောက်ကျလဲ"

"၁၀၀၀ပဲပေးပါ"

"ဟမ် အကို တကယ်ပြောနေတာလား ဒီလောက်အဝေးကြီးမောင်းလာရတာကို ၁၀၀၀ ပဲကျတာလား"

"ဟို ဟုတ်တယ် ကျွန်တော်ကဒီနေ့အလှူလုပ်နေတာ ရှုပ်ပါတယ်ဗျာ ပေးမနေပါနဲ့တော့"

Taxiသမားကပြောချင်ရာပြောပြီးမောင်းထွက်သွားသည် အလှူလုပ်တာတဲ့ ဒီလောက် အဝေးကြီးမောင်းလာရတာကိုပိုက်ဆံလုံးဝမ ယူဘူး အနည်းဆုံးဆူးမေတွက်ကြည့်သလောက်ဆို ၆၀၀၀ ၇၀၀၀လောက်တော့ကျ မယ့်ဟာကို ထူးဆန်းလိုက်တာ ဆူးမေအတွေး စတို့ကိုဖြတ်တောက်ပြီး Companyထဲကိုဝင် လာလိုက်သည်

"Wow ကြီးလိုက်တဲ့Companyကြီး ငါဒီမှာအလုပ်ရဖို့ကတော့ဆယ်ရာခိုင်နှုန်းတောင်မရှိ လောက်တော့ဘူး"

ကြီးမားလှတဲ့Companyအရှိန်အဝါကြီးကသူ မကိုအားငယ်သွားစေသည်မို့ သူမခေါင်းလေး တောင်ငိုက်ကျသွားမိသည် ဘောင်းဘီအိတ် ကပ်ထဲကဖုန်းရဲ့တုန်ခါမှုကြောင့်သူမဖုန်းကို ထုတ်ကြည့်လိုက်တော့တိုက်တိုက်ဆိုင်ဆိုင် ကိုမင်းဓနသွင်ရဲ့ဖုန်း ဒီနေရာမှာဖုန်းကိုင်လိုက် လို့တော့မဖြစ်သေးဘူး တော်ကြာသူတစ်ယောက်ထဲအပြင်ထွက်လာတာကိုသိသွားမှဖြင့်ပြသနာတက်ဦးမယ် ဖုန်းကိုမကိုင်ပဲMessageပဲပြန်ပို့နေလိုက်သည်

Zenအဝေးကကောင်မလေးကိုငေးကြည့်နေမိ လိုက်သည်(Zenလို့ပဲရေးတော့မယ် လွှမ်းမိုး စျာန်လို့ရေးရတာရှည်လို့😁)ဂျင်းဘောင်းဘီ အပွလေးနဲ့ အဖြူရောင်T Shirtလေးကိုယော ကျာ်းလေးဆန်ဆန်တွဲဝတ်ထားသည် ဆံပင် တွေကိုတော့ ထိပ်မှာစုထုံးထားပြီး တချို့က ကပိုကရိုနဲ့ပြုတ်ကျနေသည် ဘေးကဖြတ်သွားတဲ့လူတွေကတော့သူမကိုလှည့်ကြည့်လှည့်ကြည့်နဲ့ဖြစ်နေကြသည် အသားဖြူဖြူလေးနဲ့ဝတ်စားပုံလေးက တကယ့်တရုတ်မလေးနဲ့တူနေသောကြောင့်ဖြစ်သည် သူမက တော့သိမည်မထင် လက်ထဲကိုဖုန်းကိုကြည့် ရင်းလမ်းလျှောက်လာသည် Zenသူမနားကို လမ်းလျှောက်သွားပြီး အရှေ့ကနေပိတ်ရပ် လိုက်သည် ဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲငုံ့ ပြီးပြန်ထည့်နေတဲ့သူမကZenကိုမမြင်ပဲဝင်တိုက်မိသည် အဲ့တော့မှသူမမော့ကြည့်ပြီး

I'm your Master(You're Mine)Opowieści tętniące życiem. Odkryj je teraz