Part 15

2.4K 94 6
                                    

Unicode

"ဟင် မမလေး ဒါကဘယ်ကိုသွားမလို့လဲ"

"အော် အလုပ် အလုပ်သွားမလို့လေ"

"ဟင် အလုပ်ကရသွားပြီလား ဟိုနေ့ကSofy တို့သွားရှာတုန်းကမရခဲ့ဘူးလေ"

"ဟုတ်တယ် မနေ့ကနင်တို့လင်မယားမသိအောင် ငါတိတ်တိတ်လေးထွက်သွားတာလေ ဟီး"

"ဟင် မမလေးကလုပ်ပြီ Bossသိရင် Sofyတို့ ဒုက္ခရောက်ပါလိမ့်မယ်ဆို အခုကရောဘယ် Companyမှာအလုပ်ခန့်လိုက်တာလဲ ပြောပါ ဦး"

"SataZenမှာရသွားတာ လစာဆိုရင်အများ ကြီးပဲ"

"ဟုတ်လား ကောင်းပါတယ် ဟမ် မကောင်း ဘူး မကောင်းဘူး မမလေးရယ် ဘယ်လိုတောင်လုပ်ရက်ရတာလဲ Sofyတို့တော့ဒုက္ခရောက်တော့မှာပဲDecember Cloudနဲ့ SataZenဆိုတာ ဘယ်လိုမျိုးတွေလဲဆိုတာ သိရဲ့သားနဲ့"

"ငါကလဲDesignဌာနမှာမလုပ်ပါဘူးဟယ် CEOရဲ့ Secretaryလုပ်မှာပါ"

"အဲ့ဒါပိုဆိုးတာပဲလေ အဲ့လူပုံကဟိုနေ့ကတည်းကထူးဆန်းနေတာ ဘယ်မိန်းမမှကပ်လို့မရလို့ နာမည်ကြီးနေတဲ့သူက သူ့ရဲ့ Cardကိုအလွယ်တကူပေးခဲ့တာလေ ဘယ်လို မှမဖြစ်နိုင်ဘူး"

"အဲ့ဒါကငါတို့နဲ့ကားချင်းတိုက်မိလို့လေ"

"ဒါပေမယ့်.."

"ကဲ တော်ပါတော့ နင့်ကြောင့်ပထမဆုံးနေ့မှာ တင်အလုပ်နောက်ကျတော့မှာပဲ ညကတည်း ကDavidကိုလိုက်ပို့ပေးဖို့ပြောထားပြီးပြီ နင် လဲလျှာရှည်မနေနဲ့တော့ ငါသွားပြီ"

Sofyရင်ထဲတထိတ်ထိတ်နဲ့ကျန်ခဲ့ရသည် Bossနဲ့ Zenတို့ကဘယ်လောက်တောင်မတည့်ကြသလဲဆိုတာ မမလေးကသိမှမသိတာ Bossကသိသွားခဲ့ရင် ပြသနာအကြီးကြီးတက်တော့မှာကို သူသိနေခဲ့သည် မမလေးက တော့ ကားပေါ်ကို ကလေးလေးတစ်ယောက် လိုအပြေးအလွှားနဲ့တက်သွားပြီး သူ့ကိုတာ့တာတောင်ပြန်ပြသွားသေးသည်

"ရပြီ ရပြီ Davidဒီမှာပဲရပ်တော့"

"မမလေး နည်းနည်းဝေးသေးတယ် ကျွန် တော် အရှေ့ထိလိုက်ပို့ပေးမယ်လေ"

"မဟုတ်ဘူး မလိုဘူး ငါဒီကနေပဲလျှောက်သွားလိုက်မယ်"

"ဒါဆိုရင်လဲကောင်းပါပြီ ကျွန်တော်ဘယ်အချိန်လောက်ပြန်လာကြိုရမလဲ"

I'm your Master(You're Mine)Where stories live. Discover now