"အားးးးးးးကိုကိုရေအဟင့်....အဟင့်"
ရေချိုးခန်းထဲကနေပြေးထွက်လာပြီးမျက်နှာငယ်လေးနဲ့ T - Shirt ပွပွလေးဝတ်ထားပြီးထွက်လာတာ Shirt ကပွနေတော့ ဖြူအုပြီးသေးသွယ်တဲ့ ပုခုံးလေးကပေါ်နေပြီးအောက်က ဘောင်းဘီမပါ အပေါ်က T - Shirt ကဖုံးနေတာကြောင့်ရှင်းရှင်းလင်းလင်းမမြင်ရပေမဲ့ ပေါင်တန်လေးကဖြူဆင်းနေတယ်
Luke ကြည့်နေရင်းနဲ့ပါးစပ်တွေအဟောင်းသားဖြစ်ကုန်ပြီးသောက်နေတဲ့ကော်ဖီတွေတောင်ပါးစပ်ထဲကနေ ထွက်ကျကုန်တယ်"ကိုကိုရေ...အဟင့်အဟင့်"
ကလေးခေါ်သံကြားမှအောက်ကမျက်လုံးတွေကအပေါ်ပြန်ရောက်တော့တယ်
"ဟင်ကလေးဘာဖြစ်လို့လဲ"
Fu Luke ဆီကိုပြေးလာပြီးဖတ်ထားလိုက်တယ်
"ကိုကိုရေချိုးခန်းထဲမှာလေ အဟင့်...ဗြဲ"
"ဟောဘာဖြစ်တာလဲမပြောဘဲငိုပဲငိုနေတယ်ဘာဖြစ်လို့လဲကလေး"
"ပိုးဟပ်ကြီးအဟင့်....ဟင့်"
"အော်ပိုးဟပ်ကကြောက်စရာမလိုပါဘူးကလေးရယ်"
"ဟာကိုကို ကလဲ ပိုးဟပ်က ဒီလောက်ကြီး"
သူ့လက်သေးသေးသွယ်သွယ်လေးတွေနဲ့ပိုးဟပ်ဘယ်လောက်ကြီးကြောင်းပြနေတဲ့ကလေးလေး
သူပိုးဟပ်ကိုသွားဖယ်ပေးမယ်ဆိုတော့လဲ ပေါင်ပေါ်ကမဆင်းချင်ဘူးတဲ့လေ"ကဲကဲ ကျော်နိုင်ရေ"
ကျောင်နိုင်ဆိုတာ Luke ရဲ့အိမ်ကအလုပ်သမားပါ
"ဟုတ် Boss"
ကျော်နိုင်အခန်းထဲဝင်လာတော့ အရမ်းချစ်ဖို့ကောင်းနေတဲ့ သူ့ကလေးကိုတွေ့သွားမှာဆိုးလို့ချီပြီးစောင်နဲ့ပတ်ထားသေးတာ
"ရေချိုးခန်းထဲက ပိုးဟပ်ကိုရှင်းလိုက်ပြီးတော့နောက်တစ်ခါအိမ်မှာ ဘာပိုးဟပ်မှမရှိစေနဲ့"
Luke ပြောနေတာကြားတော့စောင်ထဲကနေခေါင်းလေးထွက်လာပြီး
"အိမ်မြှောင်ကောပဲကိုကို"
"အော်အင်း အိမ်မြှောင်ကောပဲတဲ့"
"ဟုတ် Boss"