Part - 6

39 7 1
                                    

"ကလေးပျင်းနေပြီလား"

"ဟင့်အင်းမပျင်းပါဘူးကိုကိုရယ်"

"လာကိုကို့ဆီ"

လာလို့ခေါ်လိုက်တာနဲ့သူ့ပေါင်ပေါ်ပြေးတက်လာတဲ့ကလေးလေး

ကလေးက သူ့ပေါင်ပေါ်မထိုင်ပြီးသူအလုပ်လုပ်နေတာကိုကြည့်နေတယ် ကြာတော့ပျင်းလို့ထင်ပါတယ် ပေါင်ပေါ်မှာပဲသူ့ကိုမှီပြီးအိပ်ပေါ်သွားတယ်

"Boss အစည်းအဝေးစတော့မယ်"

"အေးခဏနေလာခဲ့မယ်"

Luke လဲသူ့ကလေးကိုအခန်းထဲမှာတစ်ယောက်ထဲမထားချင်ဘူးသူ့ကလေးနိုးသွားမှာလဲဆိုးနဲ့ ဖြေးဖြေးလေးချီပြီးအစည်းအဝေးခန်းထဲဝင်လာတယ်
မြင်နေရတဲ့လုပ်ငန်းရှင်တွေကတော့ပါးစပ်အဟောင်းသား

"အဟွန်း...ဘာကြည့်နေကြတာလဲဗျ အလုပ်မှာအာရုံစိုက်ပေးပါ"

"ဟုတ်...ဟုတ်"

......................................................

မင်းသွေးခန့် Luke နဲ့သူတူတူဖွင့်ထားတဲ့ဆိုင်ထဲကိုဝင်လာလိုက်တယ်

"ဟို ကျွန်တော်အလုပ်လျှောက်ချင်လို့ပါဗျ"

မင်းသွေးခန့်လှည့်ကြည့်လိုက်တော့ကောင်လေးတစ်ယောက်မျက်လုံးဝိုင်းဝိုင်းလေးတွေပါးလေးကဖောင်းဖောင်းလေးနဲ့အရမ်းချစ်ဖို့ကောင်းတယ် အဲ့ကောင်လေးက မင်းသွေးခန့်ကိုမြင်မြင်ချစ်တယ်ဆိုတဲ့ စကားကိုအယုံအကြည်ရှိသွားအောင်လုပ်ပေးလိုက်နိုင်တယ်

"အော် ဝင်ခဲ့ပါ"

"ဟုတ်"

"နာမည်ရယ်အသက်ရယ်"

"ကျွန်တော့နာမည် JayBass ပါအသက်က
23 ပါ"

"Bubbletea ဖျော်တက်တယ်မလား"

"ဟုတ် Jay လုပ်ငန်းအတွေ့အကြုံရှိပါတယ်"

"Ok မနက်ဖြန်ကစပြီးအလုပ်ဆင်းတော့နော်"

"ဟုတ် ကျေးဇူးပါ အကို...."

"မင်းသွေးခန့်ပါ"

"ဟုတ်ကျေးဇူးပါအကို မင်းသွေးခန့်"

"အင်း"

ဒီကောင်လေးကစကားပြောရင်တောင်သူ့ကိုယ်သူ Jay ကလေတဲ့ကလေးရယ်အရမ်းချစ်ဖို့ကောင်းတာပဲ ကိုယ်တော့မင်းလေးကိုဆွဲလန်းသွားပြီ

My BadBoyWhere stories live. Discover now