02

167 29 2
                                    

ညဆိုအစောကြီးအိပ်ယာဝင်တတ်တဲ့
ဂျီမင်က မနက်ဆိုလည်းအစောကြီး
နှိုးနေတတ်ပါသေးတယ်။
တစ်ခါတစ်လေသူစိတ်ကောင်းဝင်နေရင်
မီးဖိုထဲကူတတ်ပေမဲ့
သူစိတ်ကူးမပေါက်ရင်တော့
မနက်ဝေလီဝေလင်းကြီးရွာလုံးကျွတ်
လျှောက်ပတ်တော့တာပဲ။

အခုလည်း မီးဖိုထဲက
ကြက်အူချောင်းတစ်ချောင်းနှိုက်ပြီး
ပြေးထွက်လို့သွားပြီ။
အပူအအေးခံစားတတ်မဲ့ပုံမပေါ်တဲ့
ဂျီမင်က ဆယ့်နှစ်ရာသီလုံး
အဝါရောင်တီရှပ်နဲ့ အနက်ရောင်
ဘောင်းဘီတိုလေးကို
စွဲစွဲမြဲမြဲဝတ်ဆင်တယ်။

မဝယ်ပေးတာတော့မဟုတ်ဘူးရယ်. . .
ဝယ်ပေးလိုက်တိုင်း
အဝါနဲ့အနက်တောထဲကမထွက်တဲ့
ဂျီမင်ကြောင့် ဂျီမင်ရဲ့အဝတ်တွေက
ပုံစံတူတွေချည်းဖြစ်လို့နေတယ်။

ဂျီမင်ကအသက်17နှစ်ထဲရှိနေပြီဆိုပေမဲ့
အခုထိကလေးလေးတွေလို
ဆော့တာကစားတာတွေမက်တုန်း။
အမြဲတမ်းခုန်ပေါက်ပြီး
ပျော်နေတဲ့ဂျီမင်ကို တစ်ရွာလုံးက
ကလေးပိစိလေးတွေမှမချန် ဟိုးအသက်၇၀ ကျော်အဘိုးကြီးအဘွားကြီးတွေပါ ချစ်ကြတယ်။

" ဝေး. . ရွာသူကြီးဦးလေး. . . "

"ဟေ. . .ငါတို့ရဲ့ဂျီမင်လေးပါလား။
ဝင်လာခဲ့ကွာ "

"ဟုတ်. ."

အိမ်ရှေ့မှာ ထင်းခြောက်တွေနဲ့
မီးထိုင်လှုံနေတဲ့ ရွာသူကြီးက
ဂျီမင်ကိုလှိက်လှဲလှဲပဲကြိုဆိုတယ်။
ရွာသူကြီးက အသက်၅၀ရှိပြီ။
ခုထိအိမ်ထောင်မပြုရသေးတဲ့
ဒီရွာရဲ့ ဝါအရင့်ဆုံးလူပျိူကြီး။

ရွာသူကြီးရဲ့ဘေးနားကို
ဂျီမင်ကြုံ့ကြုံ့လေးဝင်ထိုင်လိုက်ပြီး
ခုထိမကုန်သေးတဲ့ ကြက်အူချောင်းကို
ရွာသူကြီးရဲ့ပါးစပ်ထဲ စွပ် ခနဲ
ထည့်ပေးလိုက်တယ်။

" ဟီး. . .ကြက်အူချောင်းလေ အဲ့ဒါ "

ကြက်အူချောင်းအရမ်းကြိုက်တဲ့
ဂျီမင်ကတော်ရုံဆို
သူ့မုန့်ကိုကျွေးလေ့မရှိတာမို့
ရွာသူကြီးရဲ့မျက်ခုံးကခပ်လှုပ်လှုပ်ရယ်။

" ဟိုဟာ. .
ရွာသူကြီး ရဲ့ကြက်လေးတွေပေါက်ပြီလားဟင်"

တခုခုကိုသဘောပေါက်လိုက်တဲ့
ရွာသူကြီးကအဲ့မှာ ထရီပါလေရော။

          _ʸᵉˡˡᵒʷ_जहाँ कहानियाँ रहती हैं। अभी खोजें