06

194 29 10
                                    

ဒီလိုနဲ့ ယွန်းဂီတို့ရဲ့ ပြောင်းခြံစောင့်မဲ့
တာဝန်ကယနေ့ညမှာကျရောက်လို့လာတယ်။
ပြောမယ်သာပြောရတာ. . .
အဖျားအရှင်းမပျောက်သေးတဲ့ဂျီမင်ကို
သိပ်ခေါ်သွားချင်တာမဟုတ်။
ဟိုတဲတွေကလေမလုံဘာမလုံနဲ့။
ထပ်ပြီးဖျားရင် အကျိူးနည်းရချေရဲ့။

မခေါ်သွားပြန်ဘူးဆိုလည်း
မြေ ပေါ်မှာလူးလှိမ့်အောင်အော်ငိုနေဦးမယ်။
အကျီထူဝတ်ရမှာကြောက်တဲ့
မျောက်ကလေးကိုဆွယ်တာအပြင်
Paddingတစ်ထည်ပါဝတ်ပေးလိုက်တယ်။
ဘောင်းဘီကပြောမနေနဲ့။
အဲ့ဘောင်းဘီတိုပဲ။

ခံတွင်းပျက်နေတဲ့ဒင်းဖို့
စွတ်ပြုတ်ယူသွားဖို့လည်း
မမေ့မလျော့။မတော်တဆ
ဂျီမင်အိပ်ပျော်သွားသည်ရှိသော်
ခြုံပေးဖို့
စောင်အပါးလေးတစ်ထည်ကိုလည်း
ထည့်ဖြစ်အောင်ထည့်ခဲ့သေးတယ်။
အမယ်လေး. . .ပြောင်းခြံသွားစောင့်တာလား
ပျော်ပွဲစားထွက်တာလားမကွဲတော့ဘူး။

အိမ်မှာတန်ဖိုးကြီးပစ္စည်းတွေဘာမှမရှိဘူးဆိုပေမဲ့သော့သေချာခတ် မီးတွေသေချာကြည့်ပြီး
ထွက်လာခဲ့တယ်။အချိန်ကတော့ည၈နာရီဝန်းကျင်လောက်ရှိပြီ။

တူးဝရီးနှစ်ယောက်စကားတပြောပြောနဲ့
ဓာတ်မီးအလင်းရဲ့အကူအညီယူပြီး
လျှောက်လာလိုက်တာနောက်ဆုံးတော့
ရောက်လာပါပြီရဲ့ ပြောင်းခြံကို။
ပြောင်းခြံကသိပ်ဖြစ်ထွန်းနေတော့
သူခိုးတွေတော့တော်တော်မျက်စိကျမှမြင်ယောင်သေးရဲ့။

လာခိုးရဲခိုးကြည့်ပေါ့. . . .
မင်ယွန်းဂီရဲ့ဆယ့်နှစ်မျိူးဟင်းချိူသိုင်းအကြောင်းသိသွားစေရမယ်။

" ကဲ. .မျောက်လောင်း
စွတ်ပြုတ်သောက်မယ် "

တဲပေါ်ရောက်တော့ အိမ်မှာတုန်းက
ဘာမှမစားလာရသေးတဲ့ဂျီမင်ကို
စွတ်ပြုတ်တိုက်ဖို့ပြင်ရတယ်။
အနွေးဗူးလေးထဲထည့်ထားတဲ့စွတ်ပြုတ်ကို
ခွက်ကလေးပေါ်လောင်းချပေးလိုက်တယ်။

" အားစ်. . .
နားထဲထိအူသွားတာပဲ"

" ငရုပ်ကောင်းထည့်ထားလို့လေ
နွေးနွေးထွေးထွေးနေ . . .အိပ်ချင်လည်းလှဲအိပ်"

You've reached the end of published parts.

⏰ Last updated: Oct 15, 2020 ⏰

Add this story to your Library to get notified about new parts!

          _ʸᵉˡˡᵒʷ_Where stories live. Discover now