04

127 25 2
                                    

ဆိုလ်းတက်မယ်ဆိုကာမှ
မပြောမဆိုနဲ့ရောက်ချလာတဲ့
ညီမတော်တို့ လင်မယားကြောင့်
ယွန်းဂီရဲ့ဆိုလ်းတက်မဲ့
အစီအစဥ်ပျက်သွားတော့တယ်။
ဒါပေမဲ့လည်း ကောင်းပါတယ်။
စရိတ်စကမကုန်တော့ဘူးပေါ့။
ကျေးလက်မှာနေတဲ့ယွန်းဂီက
ကိုယ်ပိုင်ကားမရှိသေးပေမဲ့
ယွန်းဂျီတို့ဆီမှာတော့ အမျိူးအမည်
မပြောပြတတ်တဲ့ ကိုယ်ပိုင်ကားတစ်စီး
ကောင်းကောင်းရှိတယ်။

" ဂျီမင်. . .ရော့. . .
မင်းအဖေနဲ့အမေကို ဒီဆေးလက်ဖက်ရည်
ယူသွားပေးလိုက်. . ."

သူ့မိဘတွေလာတည်းက
ယွန်းဂီနားပဲကပ်နေတဲ့ ဂျီမင်ကို
လက်ဖက်ရည်သွားချပေးဖို့
ခိုင်းလိုက်တယ်ဆိုရင်ပဲ
ဂျီမင်က ခေါင်းတခါခါခြေတခါခါငြင်းတယ်။

" ဒါဆိုလည်း ဒီမုန့်ပန်းကန်တွေယူခဲ့. . .
အတူတူသွားမယ် "

မိဘနဲ့အနေခပ်စိမ်းစိမ်းဖြစ်နေတဲ့
ဂျီမင်က ထိုင်တော့လည်း
ယွန်းဂီဘေးမှာ ပူးကပ်လို့။
ယွန်းဂျီနဲ့ဒိုဂျင်ကတော့
သူတို့သားလေး "နေကောင်းလား. .
အဖေနဲ့အမေကို သတိမရဘူးလား" ဘာညာ
အာပေါက်အောင်မေးကြပေမဲ့
ဂျီမင်က ဘာမေးမေး အင် တစ်လုံးကိုအာဂူံ
ဆောင်ထားတယ်။

" ဒီကိုလာပါဦး မေ့သည်းပေါက်ရဲ့ "

သူ့အမေခေါ်နေတာတောင်
သွားရနိုးနိုး မသွားရနိုးနိုးနဲ့ဂျီမင်က
သူ့ဦးလေးကို မော့ကြည့်တယ်။
ယွန်းဂီက သှားလိုကျဆျိုမှပဲ
မျက်နှာချင်းဆိုင်က သူ့အမေဆီမှာ
ခပ်ရို့ရို့လေးသွားထိုင်တယ်။

" အာဂူး. . .မေ့သည်းပေါက်လေး
ထွားလာလိုက်တာ "

ယွန်းဂျီကသူ့သားရဲ့ပါးကို
ဖျစ်ညစ်ပြီး ပွရူပ်မယောင်ယောင်
ဖြစ်နေတဲ့ဂျီမင်ရဲ့ဆံပင်တွေကို
သပ်ပေးတယ်။ဒိုဂျင်ကဘေးကနေ
သားအမိနှစ်ယောက်ကို
ခပ်မြိန့်မြိန့်ကြီးကြည့်နေတယ်။

သားအမိသားအဖတွေကိုကြည့်ရင်း
မိသားစုဆိုတာ ဒီလိုမျိုးလေးပါလား
ဆိုပြီး ခံစားမိလာတယ်။အဲ့ဒါမှန်းသိ
သူလည်းအရွယ်ကောင်းနေတုန်း
မိန်းမယူခဲ့ပါတယ်လေ။

သူသာမိန်းမယူခဲ့ရင် အခုချိန်လောက်ဆို
သူလည်းသားနဲ့မယားနဲ့။

          _ʸᵉˡˡᵒʷ_Where stories live. Discover now