05

110 26 0
                                    

ရေချိူးမှားလို့လားမသိ
ဒီမနက်ထလာတော့ ဂျီမင်ကဖျားနေတယ်။
မျက်လုံးလေးတစင်းစင်းနဲ့
စောင်ထဲကကလေးကို ဆေးပေးခန်းဆီ
ခေါ်သွားမယ်လုပ်ပေမဲ့ ခက်တာက
ဆေးပေးခန်းကည ငါးနာရီမှဖွင့်တာလေ။

အဖျားကျအောင်ဆိုပြီး
အိမ်မှာရှိတဲ့ဆေးကြိုတိုက်ထားရင်း
စောင်ထဲမှာပဲနွေးနွေးထွေးထွေးနေစေလိုက်တယ်။

" တရေးအိပ်ပြီး ချွေးထုတ်လိုက်ဦးနော်
ဆန်ပြုတ်ပြုတ်ပေးမယ်"

ခေါင်းအသာအယာလေးပဲငြိမ့်ပြလာတဲ့
မျောက်ကလေးကနေမကောင်းတာကြောငွ
ညိုးရော်လို့။ ကလေးတွေက
တစ်ကယ်ကို ပန်းပွင့်လေးတွေလိုပဲ။

ရိုးရိုးဆန်ပြုတ်ဆိုမစားတဲ့
ဂျီမင်အကျင့်ကိုသိတာမို့
ကြက်သားဖတ်လေးတွေပါထည့်ပြီးပြုတ်ပေးလိုက်တယ်။အာဟာရအုပ်စုစုံအောင်ဆိုပြီး
ဥနီလေးရောကြက်သွန်မြိတ်လေးတွေရော။

ကျက်ပြီဆိုခါမှမီးပေါ်ကချ
နွားနို့ဝယ်ဖို့ အိမ်တံခါးကိုသေချာသော့ခတ်ခဲ့ပြီး
ရွာထဲကိုထွက်လာခဲ့တော့တယ်။
နေမကောင်းဘူးဆိုတော့
အာဟာရပြည့်တာလေးတွေပဲကျွေးချင်တယ်လေ။ရွာထဲကိုလှမ်းနေတဲ့ကျွန်တော့်ခြေလှမ်းတွေကခပ်သုတ်သုတ်ရယ်။

ဂျီမင်ကအိပ်နေပြီဆိုပေမဲ့
မတော်လို့နှိုးလာပြီး သူမရှိဘူးဆိုရင်
ငိုနေမှာအသေအချာ။
နေမကောင်းတဲ့အချိန်ဆို မျောက်ကလေးက
လူတအားကပ်တာလေ။

"ဟွေး...ယွန်းဂီ မင်းခြံထဲမသွားဘူးလားကွ
မင်းရဲ့မြေပဲခင်းထဲပေါင်းတွေရှည်နေပြီ"

ပေါက်ပြားတထမ်းထမ်းနဲ့
ခြံထဲဆင်းဖို့ကိုယ်ဟန်ဖို့နေတဲ့
ဒုံဆူကလှမ်းပြောတယ်။

" သွားချင်ပေမဲ့လည်းကွာ
အိမ်မှာဂျီမင်ကဖျားနေလို့
သွားဖြစ်မှာမဟုတ်လောက်ဘူး. ."

"ဟေ..ဂျီမင်ဖျားနေတယ် ဟုတ်စ!
ကလေးကိုသေချာဂရုစိုက်လိုက်ဦး
ခုအချမ်းပိုလာပြီဆိုတော့ ဖျားသမားတွေများတယ်ကွ"

"အေး...."

ဒုံဆူနဲ့စကားစဖြတ်ပြီး
အဘဂျောင်ရဲ့နွားခြံထဲကိုကွေ့ဝင်လာလိုက်တယ်။ မြို့ပေါ်ကလို အသင့်သောက်နွားနို့တွေထက် ခုမှညစ်ပြီးရလာတဲ့နွားနို့ကပိုကောင်းတယ်။
- - -

          _ʸᵉˡˡᵒʷ_Where stories live. Discover now