🌸အပိုင်း(၆)🌸

13.6K 1.1K 22
                                    

Zawgyi.. .....

"ဟယ်​..ထည်​ဝါ ...

စိတ်​ပုတ်​ကြီးအား ရင်းရင်းနှီးနှီး​ခေါ်ပြီး ​တော်​ဝင်​တို့ဝိုင်းတွင်
ဝင်​ထိုင်​​နေ​သောအမျိုးသမီး​ကြောင့်​ ​တော်​ဝင်​ စားလို့
ပင်​မဝင်​ချင်​​တော့။

ထိုအမိျုးသမီးသည်​ ​တော်​​တော်​လှသည့်​ထဲတွင်​ပါသည်​။

တော်​ဝင်​မျက်​​မှောင်​ကြုတ်​ပြီးကြည့်​​နေတာ​ကြောင့်
ထည်​ဝါမှာဘာလုပ်​ရမှန်းပင်​မသိ​တော့။
ဧည့်​သည်​ကိုပင်​မနှုတ်​ဆက်​အားဘဲ

"​တော်​ဝင်​..က​လေး..ဘာဖြစ်​လို့လဲ..
စားလို့မ​ကောင်း​တော့လို့လား..."

တော်​ဝင်​အား​ပြော​နေစဉ်​ ​တော်​ဝင်​က မျက်​ခုံးပင့်​ပြီး
ဧည်​သည်​ကိုပြသည်​။

"​အော်​..အ့တာက မသဇင်​တဲ့..
ကိုယ့်​ကုမ္ပဏီရဲ့ရှယ်​ယာဝင်​တစ်​ဦး​လေ...

တော်​ဝင်​လည်းချက်​ချင်းမိတ်​ဆက်​​ပေးလိုက်​သည်​။

"အ့တာဆို..ဘာလို့ရင်းရင်းနှီးနှီး​ခေါ်​နေတာလဲ..."

ထည်​ဝါလည်းဘာ​ပြောရမှန်းပင်​မသိ​တော့၊။
မသဇင်​ကလူတိုင်းကို​ဖော်​​ဖော်​​ရွေ​ရွေ​နေတတ်​ပြီး
ရင်းရင်းနှီးနှီး​ခေါ်တတ်​​သည်​။

မသဇင်​လည်းရိပ်​မိသည်​ထင်​။စကားစ​ပြောလာသည်​။

"အယ်​...သဝန်​မတိုပါနဲ့..က​လေးရယ်​..
မမက ထည်​ဝါကို​မောင်​​လေးတစ်​​ယောက်​လိုဘဲ
သ​ဘောထားပြီး​ခေါ်တာပါ...

အ့​တော့မှ ​တော်​ဝင်​က ပြာပြာသလဲဖြင့်

"ဟာ...သဝန်​မတိုပါဘူး...
ဒီတိုင်း​မေး..​မေးလိုက်​တာပါ...

"ရှက်​​နေတာ​လေးက ချစ်​စရာ​လေး..ကြည့်​စမ်းပါအုံး..
ထည်​ဝါက​လေ..က​လေး​လေးအ​ကြောင်းကို​တွေ့တ်ုင်း
ပြောတာ..သူ့က​လေး​လေးက ဘယ်​​လောက်​ချစ်​ဖို့
ကောင်း​ကြောင်း..ဘယ်​​လောက်​ချစ်​​ကြောင်း​ပြော​နေတာ..

"ဟင်​...ဟုတ်​လား..ခင်​များလိုက်​​ပြော​နေတာလား..

ထည်​ဝါလည်း​တော်​ဝင်​မကြိုက်​ဘူးလို့ထင်​တာ​ကြောင့်​ ပြာပြာသလဲရှင်းပြ​ရသည်​။

🌸ကိုယ့်​ရဲ့စိတ်​ဝိဥာဉ်​လေး🌸(complete)Where stories live. Discover now