🌸အပိုင်း(၃၄)🌸

6.3K 496 39
                                    

Zawgyi..

ထည်​ဝါလည်း လူလွှတ်​ပြီးစုံစမ်းခိုင်းထားတာ​ကြောင့်
ထိုတိရစ္ဆာန်​ကောင်​​တွေကိုမိထား​သော ​လူသူ​ဝေးသည့်
မြို့ပြင်​က စံအိမ်​ကိုသာ ထွက်​လာခဲ့လိုက်​သည်​။
တော်​ဝင်​ တံခါးဖွင့်​လိုက်​သည့်​အချိန်​တွင်​ ဒူးများတုန်​ကာ
ကြောက်​​နေ​သောထိုတိရစ္ဆာန်​​တွေနားကိုတိုးသွားလိုက်
သည်​။

"ကျွန်​​တော်​..တို့..​တောင်းပန်​ပါတယ်​..
ကြောက်​ပါပြီ..လွှတ်​​ပေးပါ​နော်​...

ထည်​ဝါလည်း ခိုင်းထား​သော​ကြေးစားများဘက်​ကို
လှည့်​ပြီး..

"မင်းတို့ သူတို့ကို ဘာလုပ်​ထားတာလဲ..
ငါ​ပြောထားတယ်​မလား..သူတို့ကို​ကြောက်​​အောင်
မလုပ်​ပါနဲ့....အုံးးး....လို့...

နောက်​ဆုံးမလုပ်​ပါနဲ့အုံးဆို​သော ​နေရာ၌ ထည်​ဝါ
လေသံကိုဖိ​ပြောလိုက်​သည်​။ထိုတိရစ္ဆာန်​​တွေက​တော့
ပိုပြီး​တောင်​​ကြောက်​ဒူးတုန်​လာ​လေသည်​။
သူတိုစိတ်​ထဲမှာ​တော့ ​ကြေးစားနဲ့လက်​ထဲမှာသာ
ခံလိုက်​ချင်​သည်​။ထိုလူလက်​ထဲမှာ​တော့ ​ကြေးစား
တွေထက်​ပိုဆိုး​နေမည်​ကိုခံစား​နေမိကြသည်​။

"ကျွန်​​တော်​တို့ဘာမှမလုပ်​ပါဘူး..
သူတို့ဘာသာအ​ခြေအ​နေကိုနားလည်​ပြီး​ကြောက်​​နေ
တာပါ...

"ဟက်​..​ကြောက်​​နေတယ်​​ပေါ့​လေ..ခုမှ​ပေါ့​လေ..
ဟားဟား...ဟားဟား...

ထည်​ဝါရဲ့​ခြောက်​ကပ်​ဖွယ်​ရယ်​သံကြီး​ကြောင့်
ဖမ်းခံထားရ​သော လူငယ်​​လေး​တွေသာမက
ကြေးစားများပင်​ကြက်​သီးထလာမိသည်​။

"ငါဘာ​ပြောခဲ့သလဲ..​ပြေးထားလို့ငါကြိုသတိ​ပေး
ခဲ့တယ်​​နော်​..​ခွေး​တွေရဲ့...
မင်းတို့မ​ပြေး​တော့ ငါလည်းမတတ်​နိုင်​ဘဲဖမ်းမိသွား
တယ်​အ့​တော့ မသတ်​ချင်​လည်းသတ်​ရ​တော့မယ်​..

ထည်​ဝါရဲ့ထစ်​​ငေါ့​နေ​သောစကားများ​ကြောင့်​ထို​ခွေး​တွေ
မှာမျက်​ရည်​များပင်​ကျလာကြပြီး​တောင်းပန်​စကား​တွေ
ကိုသာတွင်​တွင်​ဆိုလာကြ​လေသသည်​။

🌸ကိုယ့်​ရဲ့စိတ်​ဝိဥာဉ်​လေး🌸(complete)Where stories live. Discover now