🌸အပိုင်း (၃၈)🌸(final)

11.4K 506 32
                                    

Zawgyi...

ဒီ​နေ့ ထည်ဝါနဲ့​တော်​ဝင်​တို့ရဲ့ ​နောက်​တစ်​ကြိမ်
ကြီးကြီးကျယ်​ကျယ်​ လက်​ထပ်​​တော့မယ့်​​နေ့ပါ။
ကိုကိုက ​တော်​ဝင်​ကို ကိုကိုရဲ့အပိုင်​ အဖြစ်
လူသိရှင်​ကြား ​ကြော်​ငြာချငိတယ်​ဟု ​​တော်​ဝင်​အား 
ပြော​သော​ကြောင့်​ ​တော်​ဝင်​လည်းလက်​ခံလိုက်​သည်​။

"ဟဲ့..ထည်​ဝါ..ဘာဖြစ်​လို့ သားအခန်း​ရှေ့မှာဘဲ
တွေ့​နေရတာလဲ..​တွေ့လို့်​မရဘူးလို့မ​ပြောထားဘူး
လား..သွား..ကိုယ့်​အခန်ကိုယ်​သွားပြီး မိတ်​ကပ်​ပြင်
စမ်း...

"အန်​တီကလည်း က​လေးကိုမ​တွေ့ရတာ နာရီဝက်
လောက်​ရှိ​နေပြီ​လေ..သတိရ​နေပြီး..

"အမ​လေး..လာကဲမ​နေနဲ့ .ခဏ​နေ ခန်းမထဲမှာ
တွေ့ရမှာဘဲကို..

တော်​ဝင်​လည်း ကိုကိုအသံကို အခန်းထဲက​နေ
ကြားတာ​​ကြောင့်​..

"​မေ​မေရယ်​..ကိုကို့ကို​ပေးဝင်​လိုက်​ပါ..
မဟုတ်​ရင်​ မိတ်​ကပ်​သွားပြင်​မှာမဟုတ်​​တော့ဘူး.
ပွဲ​နောက်​ကျအုံးမယ်​..ပြီး​တော့ သားလည်း ကိုကို့ကို
လွမ်း​နေပြီး..

"အမ​လေး..သဲသဲကဲကဲ​တွေ..ဝင်​​ဟေ့.ဝင်​..
ထည်​ဝါ..ခဏဘဲ​နော်​..

"​ကျေးဇူးပါ..အန်​တီ..ဟီး.

ထည်​ဝါလည်း အန်​တီကခွင့်​ပြုတာ​ကြောင့်​ က​လေး
အခန်းထဲသို့ဝင်​သွားလိုက်​သည်​။
မှန်​​ရှေ့မှာ ထိုင်​​နေ​သော ထည်​ဝါရဲ့အဖြူ​ရောင်
နတ်​သား​လေးသည်​ မှန်​ထဲမှတဆင့်​ ထည်​ဝါကို
ရယ်​ပြ​နေလေသည်​။ ထည်​ဝါနဲ့အတူ အဖြူ​ရောင်
အ​နောက်​တိုင်းဝတ်​စုံကို ဝတ်​ဆင်​ထားပြီး နဖူး​လေး
ထက်​ အုံမိုးကျ​နေ​သော ဆံပင်​ အုပ်​အုပ်​​လေးနဲ့
အရမ်းကိုချစ်​စရာ​ကောင်း​နေသည်​။

"အရမ်း ချစ်​ဖို့​ကောင်းတာဘဲ က​လေးရယ်​.
ကိုကို့နှလုံးသားကို အပိုင်​ယူဖို့မွေးလာသလားထင်​ရတယ်

တော်​ဝင်​လည်း ထိုင်​ခုံက​နေ ထလိုက်​ပြီး ကိုကို့ကို
ခေါင်းငုံ့ ​စေကာ နာရီဝက်​​လောက်​မ​တွေ့ရ​သော
အလွမ်း​တွေကို အနမ်း​လေးဖြင့်​ ​ဖြေ​​ဖျောက်​လိုက်​သည်​။

🌸ကိုယ့်​ရဲ့စိတ်​ဝိဥာဉ်​လေး🌸(complete)Where stories live. Discover now