🌸အပိုင်း(၁၀)🌸

13.5K 1K 59
                                    

Zawgyi......

ထည်​ဝါလည်း ​တော်​ဝင်​နဲ့လက်​မှတ်​ထိုးပြီးတာနဲ့
တော်​ဝင်​​ရှေ့မှာ ဒူး​ထောက်​ချလိုက်​ပြီး

"က​လေး..ကိုကိုမ​ပြောရဲလို့ ​တော်​ဝင်​ကိုအရယူပြီး
မှ​ပြောရတဲ့အတွက်​ ​တောင်းပန်​ပါတယ်​​နော်​..
ကိုကို​ပြောလိုက်​လို့ ​တော်​ဝင်​လက်​မခံရင်​​တောင်
တော်​ဝင်​ကို ကိုကိုရဲ့အရိပ်​​အောက်​မှာထားပြီး
ကိုကို​စောင့်​​ရှောက်​ချင်​လို့ အရင်​လက်​ထပ်​ခဲ့တာပါ...
ကိုကို.ကိုစိတ်​​တော့ နာမသွားပါနဲ့​နော်​...
အ့တာက..ဟို..​လေ..ဟို..​လေ..ဟို.ဟို...

တော်​ဝင်​လည်း​ပြောစရာရှိတာမ​ပြောဘဲ ​ကွေ့ဝိုက်​ပြီး
ပြော​နေတဲ့ ကိုကို့ ကို တရုတ်​နိုင်​ငံက
မဟာတံတိုင်း​လောက်​​ရှည်​​အောင်​ စိတ်ကို.​ဆွဲဆန့်​ထားရသည်​။

တော်​ဝင်​တို့ကို အသိသက်​​သေလုပ်​​ပေးတဲ့တရားသူကြီး
လည်းနာရီတကြည့်​ကြည်​နဲ့ကိုကို့ကိုစိတ်​ရှည်​ပြီး​စောင့်
နေသည်​။ထထွက်​သွားရင်​လည်းမ​ကောင်းတတ်​​သော
ကြောင့်​ဖြစ်​မည်​။

"ဟို...ဒီက သတို့သား မြန်​မြန်​​လေး​ပြောလိုက်​ပါလား..
လက်​​တောင်​ထပ်​ပြီးပြီဘဲ.ခုမှချစ်​စကား​ပြောဖို့အ​ရေးကို
ဘာ​တွေတုံဆိုင်း​နေတာလဲ..ဟိုက သတို့သားလည်း
ကျွန်​​တော်​ကြည့်​ရတာ ​တော်​​တော်​စိတ်​မရှည်​​တော့တဲ့ပုံဘဲ..

"​တော်​ဝင်​ ကိုကိုမင်းကို အရမ်းချစ်​တယ်​.."

"Woww..​ပြောမဲ့​ပြော​တော့လည်း.တအားမ​နှေးလွန်း​ဘူးလား​..ဟားဟားဟား.......

"ဟာ..တရားသူကြီးကလည်း..​မြန်​မြန်​​ပြောဆို...

"ဟားဟား...ဟုတ်​ကဲ့ပါဗျာ...ဟားဟား..

တရားသူကြီးက​တော့ အူတက်​​အောင်​ရီ​နေ​လေသည်​။

တော်​ဝင်​က​တော့ အမြဲ​မျှော်​လင့်​​နေခဲ့ရတဲ့ စကား​လေးကို
ကြားလိုက်​ရတာ​ကြောင့်​ ရင်​ထဲမှာ​ပြောမပြတတ်​​အောင်
ပျော်​ရွှင်​ပြီး မျက်​ရည်​များပင်​ ကျလာခဲ့သည်​။
စကားလည်း​ပြောချင်​​ပေမယ့်​ နှုတ်​ခမ်းဟလိုက်​တာနဲ့
ရှိုက်​သံ​လေး​တွေသာ ထွက်​လာသည်။

🌸ကိုယ့်​ရဲ့စိတ်​ဝိဥာဉ်​လေး🌸(complete)Where stories live. Discover now