၁၇

22.4K 2.8K 90
                                    

(Unicode)

မုန်တိုင်းများပြီးဆုံးလျှင် လေပြေလာစမြဲ။ ယခုမူ ထူးခြားစွာဖြင့် လေဟာ ငြိမ်သက်လို့နေလျက်။

"ဦးသာ ပွဲလာတာလား"

"အင်း"

"ရို့စ်ရောပဲလေ၊ ဖေဖေက ဦးသာကို အကြောင်းကြားပေးမယ်ပြောပါသေးတယ်၊ ရို့စ်က ဦးသာများ ဒီရောက်နေမလားလို့"

သာမန်မိန်းကလေးများထက် ပို၍လှသည်ဟု ထင်ရသော်လည်း မမနန်းစောလောက် မျက်နှာက မအေးချမ်းပါ။ Eyeshadow များ ပါးနီများ ဒီခေတ်တွင် ပေါ်လေပြီသလား။ အရောင်စုံ ဆေးဆိုးပန်းရိုက်မျက်နှာနှင့် ချိုသော်လည်း အနည်းငယ် ချွဲပစ်သောအသံတို့ ပေါင်းလိုက်သောအခါ ခွန်နှောင်းသည် အခြေအနေကို နားလည်ခဲ့ရတော့သည်။

ဒါ ဂျိုးကြော် စနိုက်ကြော်သာပင်။

"ဒါလေးက ဘယ်သူများပါလိမ့်၊ ညီငယ်များလား ဦးသာ"

"ညီငယ်သာဆို ရို့စ်မြင်ဖူးမပေါ့၊ ဒါက"

"မင်္ဂလာပါ၊ ကျွန်တော်က စော်ဘွားငယ်ရဲ့ လက်တိုလက်တောင်းကောင်လေးပါ"

ဦးသာကလက်ကိုဆွဲကာ ပိုင်စိုးပိုင်နင်းမိတ်ဆက်ပေးရန်ဟန်ပြင်သော်လည်း ခွန်နှောင်းက လက်ကို လွှတ်ချကာ တခြားနည်းဖြင့် မိတ်ဆက်၏။

"အော် ချစ်စရာလေးပဲ၊ ဒါဆို ဦးသာ ရို့စ်သွားနှင့်ရော့မယ်၊ အပြန် မိုင်းပွန်မှာတည်းမှာမလို့ ဦးသာ ဧည့်ဝတ်ကျေပွန်ဖို့ မျှော်လင့်မိပါရဲ့၊ နန်းစောတို့ကိုလည်း တွေ့ချင်မိသားကွယ်"

မှန်ဇာနုနုပေါ်တွင် လျောကျနေသော ဖလံထည်ပုဝါရှည်ဟာ အနားညီအောင် ပြန်ပြင်ပြီး အဆိုပါမိန်းကလေးသည် ဦးသာတို့ ရှေ့မှ ထွက်ခွါသွားလေသည်။

"ခွန်နှောင်းရယ် အဘယ်သို့များ မိတ်ဆက်လိုက်ရော့သလဲ"

ဦးသာက အနည်းငယ် စိတ်ဆက်နေ၍ စကားသံမာမာပြောမိတော့ ခွန်နှောင်းသည် လေပြေအေးဖြင့် ပြန်ဖြေလျှော့ရာ၏။

"ကျွန်တော့်ချစ်သူပါလို့ မိတ်ဆက်ရရင် စော်ဘွားငယ်ရဲ့ ဂုဏ်သိက္ခာ ပျောက်ဆုံးသွားမှာပေါ့ လူကြီးရဲ့၊ ထားပါ အချိန်တွေရှိပါသေးတယ်၊ သူက ဘယ်သူလဲ"

နှောင်းဦးသက်လည်တည်စေအံ့Where stories live. Discover now