[1]into the cultivation world

203 13 2
                                    










[Unicode]

"ဘာလဲ! ဒီလိုကြီးပြီးသွားတာလား!"

တိတ်ဆိတ်ငြိမ်သက်နေတဲ့ နေ့လည်ခင်းလေးတစ်ခုဖြစ်ခဲ့ပေမဲ့ သာယာမှုက Xiao Xing ရဲ့ အော်သံကြောင့် ပျက်စီးသွားရတယ်။ ခွေးကလေး cao cao က တော့ သူ့သခင်ရဲ့ ဒီလိုအခြေအနေကို 'ရိုးနေပြီ'ဆိုတဲ့ သဘောနဲ့ပဲ အစာခွက်ထဲကကျန်ရှိနေတဲ့ ဘီစကွတ်တွေကိုဝါးစားနေလိုက်တယ်။

" အကုန်သေကုန်ကြတာလား! ဘာလဲဟာ မဟုတ်သေးပါဘူး!"

အားရှင်း လက်ထဲမှာ ဖုန်းကိုကိုင်ရင်း အိပ်ယာပေါ်မှာလူးလှိမ့်ပြီး သောင်းကျန်းနေတယ်။ အပြစ်မရှိတဲ့ ဖက်ခေါင်းအုံးလေးခမျာ အားရှင်းရဲ့ လက်သီးချက်တွေရဲ့ ဓားစာခံဖြစ်ရရှာလေတယ်။

"ဒီ အာသာကလည်း တစ်ကယ်ပဲ! ဘာလို့ အကုန်သေခိုင်းနေတာလဲ။ ဘချိုးပြောသလို မိုးမေသက်စေ့လင်းကွာ"

တည်ငြိမ်အေးဆေးလိမ္မာလှတဲ့ အရှင်းဟာ ဒီလိုစကားတွေလည်းပြောတတ်ပါသေးသတဲ့။

ဇာတ်လမ်းပေါင်းများစွာကို မျိုးစုံကြိုးခုန်ပြီးဖတ်လာတဲ့ Xiao Xing တစ်ယောက်၊ ဇာတ်သိမ်းအမျိုးမျိုး၊ ဇာတ်အိမ်အမျိုးမျိုးကိုဖတ်ဖူးပါရဲ့။ အဓိပ္ပါယ်မရှိ၊ အရေးအသားစုတ်ချာနေတဲ့ ဇာတ်လမ်းတွေကစလို့ ရင်ထဲအထိနင့်၊ အရေးအသားကရှယ်မှရှယ်ဆိုတဲ့ Fic တွေအထိ ဖတ်ဖူးတဲ့ xing ဟာ ဒီလိုအခြေအနေမျိုးခဏခဏကြုံရဖူးပါတယ်။ ဖတ်နေတဲ့ ဇာတ်လမ်းက Sad ending ဖြစ်နေတဲ့အပြင် ထင်ထားသလို ဇာတ်မသိမ်းသွားတာကြောင့်မကျေမနပ်ဖြစ်နေလေတယ်။ ပါးစပ်ကတော့ ပွစိပွစိရေရွတ်ရင်း မကျေနက်ချက်တွေကိုတစ်ခုပြီးတစ်ခု ထုတ်ဖော်နေတဲ့ xingကို cao cao ကတော့ မျက်စိနောက်လို့ထင်ရဲ့၊ အခန်းထဲကထွက်သွားတယ်။
xing လက်ထဲမှာကိုင်ထားတဲ့ ဖုန်းလေးကတော့ သာမာန်နဲ့မတူတဲ့ အလင်းရောင်မှိန်ပြပြတစ်ခု မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတာကိုတော့ ဘယ်သူမှ မသိလိုက်ဖူးပေါ့။
အားရအောင် 'ကွန်ပလိမ်း' (complain) တက်ပြီးတဲ့အခါမှာတော့ Xiao Xing တစ်ယောက် စိတ်ပြေလိုပြေညား wattpad library ထဲက တစ်ခြား ဖတ်လတ်စ ဇာတ်လမ်းတစ်ခုကိုရွေးချယ်လိုက်တယ်။ cover အစိမ်းရောင်လေးနဲ့ story လေးက..

[The Grandmaster of demonic cultivation] (MDZS)

ဝတ္တုလေးတစ်ပုဒ်ကိုဖတ်မိရာကလုံးဝမထင်မှတ်ထားတဲ့ ကံကြမ္မာ တစ်ခုကို အားရှင်း ရင်ဆိုင်ရမယ်လို့ ဘယ်သူတွေးမိမှာလဲ....။

Into the Cultivation world (ကျင့်​ကြံခြင်း​လောကထဲသို့)Όπου ζουν οι ιστορίες. Ανακάλυψε τώρα