(6)ဇယ်​၀ူကျွင်း (ဇယ်ဝူကျွင်း)

45 9 0
                                    

အားယန်​တစ်​​ယောက်​ ယွင်​ရှစ်​ပုကျိကျူးတွင်​ နိုးလာသည့်​​နေ့မှစ၍ အလွန်​ပင်​အားယား​နေ​လေသည်​။ မှတ်​ဥာဏ်​များ​ပျောက်​​နေသည့်​ 'ဒဏ်​ရာရတပည့်​​လေး' ​ခေါင်းစဉ်​ဖြင့်​ ဆရာတူအစ်​ကို​တွေက အားယန်​အားဘာမှမလုပ်​ဖို့တားမြစ်​ထားသည်​။ ထို့​ကြောင့်​ အားယန်​မှာ ​ဒေါင်​​ဒေါင်​မြည်​​နေပါ​သော်​လည်း လုပ်​စရာမရှိ​ချေ။ တစ်​​နေ့တစ်​​နေ့ စာဖတ်​လိုက်​၊ ​ဆော့ကစားလိုက်​နှင့်​ပင်​ အချိန်​​တွေကုန်​ဆုံး​နေရသည်​။

"ဟူး ဘ၀ကြီးကပျင်းစရာ​ကောင်းလိုက်​တာ နှင်းလုံး​လေး ရာ"

(နှင်းလုံး​လေးဆိုတာ အားယန်​နာမည်​​ပေးထားတဲ့ယုန်​​လေးပါ)

ယုန်က​လေးကိုပွတ်​သပ်​ကာ အားယန်​ငြီးတွားမိသည်​။ တိမ်​လွှာနန်းမြိုင်​ထဲတွင်​ အားယန်​လုပ်​စရာဘာမှမရှိပါ​ချေ။ ဆရာတူညီအစ်​ကို​တွေမှာလည်း မအားလပ်​ကြ၍ အားယန်​ကိုအ​ဖော်​ပြု​ပေးမည့်​သူမှာ လန်​၀မ်​ကျီး၏ ယုန်​က​လေး​တွေသာရှိသည်​။

"အားယန်​။"

ယုန်​ငယ်​​လေးကိုပွတ်​သပ်​​ပေး​နေသည့်​ အားယန်​တစ်​​ယောက်​ မိမိနာမည်​ကို​ခေါ်လိုက်​သည်​​ကြောင့်​လှည့်​ကြည့်​မိသည်​။ သူ့​နောက်​​တွင်​ရပ်​​နေသူမှာကား အခြားမဟုတ်​။ ​လန်​​ကျောက်​စိမ်းနှစ်​ဆူထဲမှတစ်​​ယောက်​ဖြစ်​သည့်​ လန်​ဂိုဏ်းချုပ်​ ဇယ်​၀ူကျွင်းပါ​ပေ။

"ဇ-ဇယ်​၀ူကျွင်း"

အားယန်​ကပြာကယာထလိုက်​ပြီး အရိုအ​သေပြုလိုက်​သည်​။ ပြုတ်​ကျသွားသည့်​​နှင်းလုံး​လေးက​တော့ အားယန်​ကိုမ​ကျေနပ်​ဖြစ်​​နေမည်​မှာအ​သေအချာပင်​။

"သတိထားမှ​ပေါ့အားယန်​။ ၀မ့်​ကျီးရဲ့ ယုန်​​လေးတစ်​​ကောင်​နာသွားရင်​ ခက်​ရချည်​ရဲ့"

နှင်းလုံး​လေးကိုဖမ်းပြီး ​​မြေ​ပေါ်သို့ညင်​ညင်​သာသာချ​ပေးလိုက်​သည့်​ ဇယ်​၀ူကျွင်းမှာနတ်​သားအလားလှရက်​သည်​။

"အားယန်​​တောင်းပန်​ပါတယ်​။"

ခါးကျိုးမတတ်​အရိုအ​သေ​ပေးရင်း အခါခါ​တောင်းပန်​​နေသည့်​ အားယန်​ကိုကြည့်​ပြီး လန်​ရှီးချန်​တစ်​​ယောက်​ပြုံးမိသည်​။

Into the Cultivation world (ကျင့်​ကြံခြင်း​လောကထဲသို့)Where stories live. Discover now