(5)အတိတ်​တစ်​ချိန်​ (အတိတ်တစ်ချိန်)

60 10 2
                                    

တိတ်​ဆိတ်​ငြိမ်​သက်​​နေ​သော တိမ်​လွှာနန်းမြိုင်​ထဲ အားယန်​တစ်​​ယောက်​ ​လျှောက်​သွား​နေမိသည်​။ တဖြူးဖြူး တိုက်​ခတ်​​နေသည့်​​လေနု​အေးတို့က အားယန်​၏မျက်​နှာကိုလာ​ရောက်​ထိခတ်​သည့်​အခါ နဂိုထက်​ပို၍လန်းဆန်းသွားသလိုပင်​။ တိမ်​လွှာနန်းမြိုင်​ဆိုသည့်​အတိုင်း မြူခိုးတို့က ​နေရာအနှံ့တွင်​ရစ်​သိုင်း​နေ​လေသည်​။ အစဉ်​တိတ်​ဆိတ်​ငြိမ်​သက်​လျှက်​ရှိ​သော ယွင်​ရှစ်​ပုကျိကျူးတွင်​​တော့ ပုစဉ်းငယ်​တို့၏​အော်​သံများမှလွှဲ၍ အခြားအသံတို့မကြားရ။ ​အေး​ဆေးစွာလမ်း​လျှောက်​​နေ​သော အားယန်​ကို မြင်​လိုက်​ရသူအ​ပေါင်းက​တော့ 'ကျက်​သ​ရေရှိလှတဲ့ လူငယ်​​လေးတစ်​​ယောက်​ အ​တွေး​ရေယဉ်​ထဲ​မြော​နေ​လေသည်​' ဟူ​သောပန်းချီကားသဖွယ်​ မြင်​ကွင်းကိုမြင်​ရမည်​ဖြစ်​သည်​။ သို့​သော်​အားယန်​၏​ခေါင်းထဲ​တွင်​​တော့ ကမ္ဘာပျက်​​​နေပြီဖြစ်​သည်​ကို​တော့ မည်​သူမှသိနိုင်​မည်​မဟုတ်​။

တိမ်​လွှာနန်းမြိုင်​တစ်ခွင်​တွင်​​တော့ ဇယ်​၀ူကျွင်း၏အချစ်​ဆုံး တပည့်​​လေး၊ ကူစူးရဲ့မြ​ကျောက်​​လေး လန်​ရှင်းလျန်​ တစ်​​ယောက်​မှတ်​ဥာဏ်​​ပျောက်​သွားပြီဆိုသည့်​သတင်းက ပလူပျံလို့​နေသည်​။ အားလုံးက ညခင်း​တောလိုက်​ရင်း ​မေ့​မျောပြီး ပြန်​လာသည့်​ လန်​ယန့်​အ​ကြောင်းကို သိချင်​ကြသည်​။ စစ်​​ကျွေးနှင့်​ကျင့်ရီနှစ်​​ယောက်​က​တော့ အရင်းနှီးဆုံး ဆရာတူအစ်​ကို​တွေဖြစ်​တဲ့အ​လျောက်​ အားယန်​ကိုအ​ဖော်​ပြု​ပေးရှာသည်​။ထို ​သေေးသးသွယ်​သွယ်​​ကောင်​ငယ်​​လေးက​တော့ ​နေ့တိုင်း စာကြည့်​​ဆောင်​ထဲတွင်​သာ အချိန်​​တွေကုန်​ဆုံး​လေ့ရှိသည်​။ တစ်​ခါတစ်​ရံ​တော့ အားယန်​​ကို ဟန်​ကွမ်​ကျွင်း​မွေးထားသည့်​ ယုန်​​လေး​တွေနှင့်​​ဆော့​နေတာမြင်​နိုင်​ပါ၏။

_______________________________________

"အစ်​ကိုစစ်​​ကျွေး။ ကျွန်​​တော်​ကဘယ်​လိုမျိုးလဲဟင်​?"

ရုတ်​တရက်​​မေးလာသည့်​ လန်​ယန်​​ကြောင့်​ စစ်​​ကျွေးတစ်​ခဏ ​ကြောင်​သွားသည်​။

Into the Cultivation world (ကျင့်​ကြံခြင်း​လောကထဲသို့)Where stories live. Discover now