အခန်း (၂) ရေကြီးခြင်း/ အခန်း (၂) ရေကြီးခြင်း

1.1K 216 3
                                    

ဒီနှစ်တော့ ရာသီဥတုပုံမှန်မရှိချေ။ ခဏကြာသာရွာတဲ့မိုးဝင်လာချိန်မှာ ပေါင်းပင်တွေက  အရင်ကလိုပဲမြန်မြန်လာပြီး မြန်မြန်ပြီးသွားကြမယ်လို့ တွေးကြတယ်။ နေ့ရောညပါ ပြင်းပြင်းထန်ထန် သည်းသည်းမည်းမည်း ရွာလိမ့်မယ်လို့ တစ်ခါမှမတွေးဖူးပေ။ လယ်ကွင်းထဲကရေတွေဟာ လုံးဝမမောပန်းကြချေ။ (ရေတွေပြည့်လာတယ်လို့ပြောချင်တာပါ) ကောက်ပဲသီးနှံတွေဟာလည်း ရေကြီးမှုကြောင့်သေကုန်ကြသည်။ လယ်သမားတွေဟာလည်း မတတ်နိုင်စွာနဲ့ပဲ အကူအညီမဲ့စွာကြည့်နေကြရသည်။ ဘေးရွာက ရေကြီးခဲ့ပြီးပြီ။ ကံကောင်းစွာနဲ့ပဲ ဒီရွာရဲ့အမြင့်ဟာ ဘေးရွာထက်ပိုမြင့်နေသည်။

သည်းလာတဲ့မိုးဟာဆက်လက်ရွာနေပြီး သစ်ရွက်တွေကို ထိသွားတဲ့အသံတွေဟာ အရမ်းကိုဆူညံတဲ့အသံတွေဖြစ်ပေါ်စေ၏။

မိုးရေဟာ တစ်ဖြည်းဖြည်းပြည့်လျှံလာပြီး လယ်ကွင်းရဲ့ကန်သင်းရိုးအထိပါ မြုပ်လာ၏။ ပြောင်းဖူးသေးလေးရဲ့တစ်ကိုယ်လုံးဟာ နစ်မြုပ်နေသည်။ သူ့ရဲ့အရွက်သေးသေးသေးလေးသာပေါလောပေါ်နေပြီး မိုးရွာသည်နှင့်အမျှ နစ်မြုပ်နေတော့သည်။

ပြောင်းဖူးပင်သေးလေးတွေဟာအသက်ရှူမဝစွာနဲ့အော်ငိုတော့သည် : ကန်သင်းရိုးနှစ်ခုဆုံတဲ့နေရာမှကြီးထွားလာရတာကို ငါဘာမှမပြောတော့ဘူး .. ဒါပေမဲ့ ရှားပါးလှတဲ့မိုးသက်မုန်တိုင်းကြီးကို နဖူးတွေ့ဒူးတွေကြုံတွေ့နေရတာတုန်း ... ငါဘယ်သူ့ကိုများ ရန်စမိခဲ့လို့လဲ!ဟူးဟူး ..~ ငါငြိမ်ငြိမ်စိမ်စိမ် သက်သက်သာသာနဲ့ ကြီးထွားလာလို့မရဘူးလား ..!!

သူ့ဘေးနားမှာရှိတဲ့ပေါင်းပင်လေးက စိတ်ပူနေသည်။ ပြောင်းဖူးပင်သေးလေးလို တစ်ကိုယ်လုံးမြုပ်နေတာမဟုတ်တောင်မှ သူ့အခြေအနေကလည်းအရမ်းမကောင်းပေ။ သူ့ခေါင်းကိုသာဖော်ထားနိုင်သည် ..။

ပြောင်းဖူးပင်သေးလေးကိုထိပြီး နှစ်သိမ့်နိုင်ဖို့အတွက် ရေထဲကသူ့ရဲ့အရွက်တွေကို ဆန့်ထုတ်ဖို့ ရုန်းကန်နေသည်။ "လိမ္မာစမ်းပါ .. တကယ်လို့မင်းရေနစ်သေသွားရင် ငါပါအတူလိုက်ခဲ့မယ်"

ပြောင်းဖူးပင်သေးလေးက ငိုရင်း ဂျွတ်ထိုးရင်းပြောလာခဲ့သည်။ : မင်းကငါသေဖို့ကျိန်စာတိုက်နေတာပေါ့လေ ဟုတ်လား .. ဟင့်ဟင့် ~ မင်းက မကောင်းတဲ့သူပဲ! မင်းတို့ပေါင်းပင်တွေကမကောင်းတဲ့အရာတွေပဲ ..!!

It's Okay, I'll take care of you {MM Trans} ✔️Where stories live. Discover now