အခန္း (၃) အရပ္ရွည္ရွည္နဲ႔ခန္႔ေခ်ာကိုေျပာင္းဖူး/ အရပ်ရှည်ရှည်နဲ့ခန့်ချောကိုပြောင်

849 214 3
                                    

အခ်ိန္ေတြကုန္လြန္လာသလိုပဲ ေကာက္ပဲသီးနွံေတြနဲ႔ေပါင္းပင္ေတြဟာ ႀကီးျပင္းလာၾကသည္။ ေကာက္ပဲသီးနွံေတြကအရင္လိုပဲ ေသးေသးေလးျဖစ္ေနဆဲဆိုေပမဲ့ အတန္ငယ္ေတာ့ရွည္လာသည္။

ေျပာင္းဖူးခင္းအလယ္မွာ သန္သန္မာမာနဲ႔အရပ္ရွည္ရွည္ႀကီးျပင္းလာၾကတဲ့ ေျပာင္းဖူးပင္ႀကီးေတြကို ေျပာင္းဖူးေသးေလးကအားက်တဲ့အၾကည့္နဲ႔သာ ၾကည့္ေနနိုင္ေတာ့သည္ : ဟိုးမွာ အရပ္အရွည္ဆံုးေျပာင္းဖူးကိုၾကည့္ၾကည့္လိုက္! သူကငါ့ရဲ႕နတ္ဘုရားေလးပဲ .. ၾကည့္လိုက္! ဘယ္ေလာက္ရွည္လဲ! ဘယ္ေလာက္မိုက္လဲ! ဘယ္ေလာက္ေတာင္ခန္႔သလဲ!

ေပါင္းပင္ေလးကသဝန္တိုလ်က္ : ငါ့ထက္အရပ္ရွည္တယ္! ငါ့ထက္မိုက္တယ္! ငါ့ထက္ခန္႔တယ္?

ေျပာင္းဖူးပင္ေလးရဲ႕မ်က္စိထဲမွာ အခ်စ္ေတြနဲ႔ျပည့္နွက္ေနတဲ့အရူးလိုပဲ : မင္းထက္ပိုအရပ္ရွည္တယ္! မင္းထက္မိုက္တယ္! မင္းထက္ခန္႔တယ္ ..!

ထိုေျပာင္းဖူးပင္ဟာ ေျပာင္းဖူးခင္းအလယ္တြင္ရွိေနၿပီး တစ္ပင္တည္းထိုးထြက္ေနသည္။ ေသခ်ာေပါက္ကို ေပါင္းပင္ထက္အရပ္ပိုရွည္သည္။

ေပါင္းပင္ : အသံတအိအိျပဳလ်က္*

ေပါင္းပင္ေလးက ေထာင့္နားမွာေဆာင့္ေၾကာင့္ထိုင္၊ စက္ဝိုင္းဆြဲၿပီး ဒီေျပာင္းဖူးခင္းႀကီးကို ဆဲေရးခ်င္ေနေတာ့သည္။

••••

အချိန်တွေကုန်လွန်လာသလိုပဲ ကောက်ပဲသီးနှံတွေနဲ့ပေါင်းပင်တွေဟာ ကြီးပြင်းလာကြသည်။ ကောက်ပဲသီးနှံတွေကအရင်လိုပဲ သေးသေးလေးဖြစ်နေဆဲဆိုပေမဲ့ အတန်ငယ်တော့ရှည်လာသည်။

ပြောင်းဖူးခင်းအလယ်မှာ သန်သန်မာမာနဲ့အရပ်ရှည်ရှည်ကြီးပြင်းလာကြတဲ့ ပြောင်းဖူးပင်ကြီးတွေကို ပြောင်းဖူးသေးလေးကအားကျတဲ့အကြည့်နဲ့သာ ကြည့်နေနိုင်တော့သည် : ဟိုးမှာ အရပ်အရှည်ဆုံးပြောင်းဖူးကိုကြည့်ကြည့်လိုက်! သူကငါ့ရဲ့နတ်ဘုရားလေးပဲ .. ကြည့်လိုက်! ဘယ်လောက်ရှည်လဲ! ဘယ်လောက်မိုက်လဲ! ဘယ်လောက်တောင်ခန့်သလဲ!

ပေါင်းပင်လေးကသဝန်တိုလျက် : ငါ့ထက်အရပ်ရှည်တယ်! ငါ့ထက်မိုက်တယ်! ငါ့ထက်ခန့်တယ်?

ပြောင်းဖူးပင်လေးရဲ့မျက်စိထဲမှာ အချစ်တွေနဲ့ပြည့်နှက်နေတဲ့အရူးလိုပဲ : မင်းထက်ပိုအရပ်ရှည်တယ်! မင်းထက်မိုက်တယ်! မင်းထက်ခန့်တယ် ..!

ထိုပြောင်းဖူးပင်ဟာ ပြောင်းဖူးခင်းအလယ်တွင်ရှိနေပြီး တစ်ပင်တည်းထိုးထွက်နေသည်။ သေချာပေါက်ကို ပေါင်းပင်ထက်အရပ်ပိုရှည်သည်။

ပေါင်းပင် : အသံတအိအိပြုလျက်*

ပေါင်းပင်လေးက ထောင့်နားမှာဆောင့်ကြောင့်ထိုင်၊ စက်ဝိုင်းဆွဲပြီး ဒီပြောင်းဖူးခင်းကြီးကို ဆဲရေးချင်နေတော့သည်။

It's Okay, I'll take care of you {MM Trans} ✔️Where stories live. Discover now