အခန္း (၄) ဉာဏ္မရွိတဲ့ဖန္အုပ္စု/ ဉာဏ်မရှိတဲ့ဖန်အုပ်စု
810 214 1
ပြောင်းဖူးသေးလေး : .............................
••••
မိုးသက်မုန်တိုင်းပြီးတဲ့နောက်မှာ နေသာနေသည်။ ဒါပေမဲ့ အဲ့ဒါက အမြဲတမ်းနေသာလျက်ရှိသည်။
ကောက်ပဲသီးနံတွေဟာ နေရောင်ကြောင့်နေလောင်ကုန်ကြသည်။ ပြောင်းဖူးသေးလေးဟာလည်း ညှိုးနွမ်းနေသည်။
ပေါင်းပင်လေးရဲ့အရိပ်ပေါ်မှာ ပြောင်းဖူးသေးလေးရဲ့သေးကွေးတဲ့အရွက်ကလေးတွေဟာ ယိမ်းထိုးနေသည်။
ပြောင်းဖူးခင်းအလယ်က အရပ်ရှည်ရှည်နဲ့ချောတဲ့ပြောင်းဖူးကြီးဟာ မကျေမနပ်ဖြစ်နေသည်။
ပြင်းလှတဲ့နေရောင်ခြည်ထဲမှာ စူးရှတဲ့နေရောင်အလင်းတန်းတွေရှိနေတာမို့
မီးစလေးတွေသယ်ယူလာသလို သူ့ရဲ့အရွက်တွေကိုတောက်လောင်ပြီး ရေဓာတ်တွေကိုဆုံးရှုံးစေသည်။
အရပ်ရှည်ရှည်နဲ့ချောတဲ့ပြောင်းဖူးကြီးက ဒီအကြောင်းကိုတွေးလေလေ ပိုပြီးစိတ်သောကရောက်လေလေဖြစ်နေ၏။ ဒီအကြောင်းကိုသူတွေးလိုက်တိုင်း တအိအိနဲ့ငိုနေပြီး တစ်ချက်တစ်ချက်ရှိုက်တောင်ရှိုက်သေးသည်။
ဘေးနားမှ ပြောင်းဖူးပင်များကဝိုင်းနှစ်သိမ့်ကြသည်။ :
နတ်ဘုရားလေးရယ် နတ်ဘုရားလေးရယ် .. မငိုပါနဲ့ မငိုပါနဲ့ ....
အရပ်ရှည်ရှည်နဲ့ရုပ်ချောချောပြောင်းဖူး : ဟူးဟူးးး ဒီနေတွေက ငါ့ကိုပဲလောင်နေကြတယ် T_T
ဘေးနားမှပြောင်းဖူးပင်များ : နတ်ဘုရားလေးရယ် ငါတို့ပါမင်းနဲ့အတူမျှဝေခံစားပေးပါ့မယ် ..။
ပြောင်းဖူးသေးလေး : .............................
ပြောင်းဖူးသေးလေး : ငါမထင်ထားဘူး။ အရပ်ရှည်ရှည်၊ ရုပ်ချောချောနဲ့ပြောင်းဖူးပင်က ဒီလိုမျိုးတအိအိငို ....
ပြောင်းဖူးသေးလေး : မိန်းကလေးလိုမျိုးတအိအိငိုလိမ့်မယ်လို့မထင်ထားဘူး
ပြောင်းဖူးသေးလေး : ငါဘာလို့သူ့ကိုနတ်ဘုရားလိုသဘောထားရမှာလဲ!
ပြောင်းဖူးပင်ကြီးဘေးနားမှရှိကြတဲ့ပြောင်းဖူးပင်တွေကို အထင်သေးတဲ့အကြည့်နဲ့ကြည့်လိုက်ပြီး ဟွန့်ကနဲနှာမှုတ်လိုက်သည်။ အသိဉာဏ်မရှိတဲ့ဖန်အုပ်စုလိုက်ကြီး ...
(Double Update ပါရှင် .. Daily Up ဖို့လုပ်ထားတာကို အချိန်မရလို့ ဒီနေ့နှစ်ပိုင်းအပ်ထားတယ် နောက်နှစ်ပိုင်းဆိုပြီးပြီဗျာ)
It's Okay, I'll take care of you {MM Trans} ✔️Where stories live. Discover now