အခန်း (၅) ငါဘာလို့ပြောင်းဖူးစေ့တွေမထုတ်နိုင်တာလဲ/ ငါဘာလို့ပြောင်းဖူးစေ့တွေမထုတ်န

806 206 0
                                    






ပေါင်းပင် : မငိုပါနဲ့ .....






ပြောင်းဖူးသေးလေး : ..................?!



•••

ဆောင်းဦးရာသီရဲ့လေဟာအေးလှသည်။ လေတိုက်တာကြောင့် သစ်ရွက်တွေဟာ မြေပြင်ပေါ်နှင့်ရွှေဝါရောင်လယ်ကွင်းကြီးပေါ်ဆီ ကြွေကြကုန်ကြတော့သည်။

လယ်သမားဦးလေးကြီးဟာ ပြောင်းဖူးများနှင့်ပဲသီးများကိုခုတ်ပိုင်းခြင်း၊ ပြောင်းမျိုးနှံစားပင်များကိုရိတ်သိမ်းခြင်း၊ မြေပဲများကိုဆွဲနှုတ်ခြင်းများပြုလုပ်ခြင်းကြောင့် လယ်ကွင်းကြီးဟာနွေးထွေးပြီးနေချင်စဖွယ်ဖြစ်နေတော့သည်။

ပြောင်းဖူးသေးလေးကနှာတရှုပ်ရှုပ်လုပ်ရင်း : ငါဘာလို့မကြီးထွားလာတာလဲ!

ပြောင်းဖူးသေးလေးကမှားယွင်းစွာခံစားလိုက်ရပြီး :  ငါဘာလို့အရပ်ရှည်မလာတာလဲ? .........

ပြောင်းဖူးသေးလေးကအသက်ရှူလိုက်ပြီး ရင်ဘက်ရဲ့နာကျင်တဲ့တစ်နေရာကနေအော်ငိုလိုက်တော့တယ် : ဟူး ဟူး ဟူး ဟူး .....

ပေါင်းပင် : မငိုပါနဲ့ .....

ပေါင်းပင် : မင်းဒီလိုတွေးသင့်တယ် ... သူတို့ကပြောင်းဖူးတွေဖြစ်ပေမဲ့လည်း အခုတ်ခံလိုက်ရပြီလေ။ မင်းကတော့ အသက်ရှင်နေသေးတယ်လေ။

____ ဘာလို့ နားလည်ရခက်တဲ့ပျော်ရွှင်မှုကြီးခံစားနေရတာပါလိမ့် ____

ပေါင်းပင်ကတိတ်တိတ်လေးပျော်ရွှင်နေတော့သည်။

ပြောင်းဖူးသေးလေး : ပြောင်းဖူးပင်ဘဝရဲ့အဓိပ္ပါယ်က အသီးတွေထုတ်ပေးနိုင်ရမယ်။ လယ်သမားဦးလေးကို သီးနှံရိတ်သိမ်းတာတိုးတက်လာအောင် လုပ်ပေးရမယ်။ ဟူး ဟူး ဟူး ငါကဘာလို့ပြောင်းဖူးအသီးတွေမရှိရတာလဲ ....

မြက် : မင်းမှာ ဟိုဟာ ရှိနေ .....

ပြောင်းဖူးသေးလေး : ..................?!

မြက် : သန္ဓေပြောင်းဖို့မျိုးစေ့မရှိတာ ........

ပြောင်းဖူးသေးလေးက ပိုပြီးကျယ်လောင်စွာအော်ငိုတော့သည်။

It's Okay, I'll take care of you {MM Trans} ✔️Where stories live. Discover now