𝐑𝐞𝐝 𝐁𝐫𝐚𝐜𝐞𝐥𝐞𝐭

581 58 6
                                    

Unicode

ဂျိုဆွန်းခေတ်,
သျှီလာပြည်နယ် ၏ တောအုပ်ငယ်လေးအတွင်း၌

"Min.."

"အမိန့်ရှိပါ မင်းသားလေး"

"ဟာ.. Min လဲ ဘာမင်းသားလေးလဲ ဒီတောအုပ်ထဲမှာ Min နဲ့ ကျွန်တော်ပဲ ရှိတာကို...
ခေါ်နေကျအတိုင်းပဲခေါ်လေ"

"ခေါ်နေကျအတိုင်းကဘယ်လိုပဲ"

"Min.. မနောက်နဲ့ကွာ"

အသံတိတ်သွားလို့ လှည့်ကြည့်လိုက်တော့ ဟိုဘက်လှည့်ပြီး စိတ်ကောက်သွားသော အသည်းအသက်လေး
ကြည့်.. စိတ်ကောက်ပြီဆို နှုတ်ခမ်းဖူးဖူးလေးကို စူထော်ပြီးပွစိပွစိပြောနေတတ်သေးတာ

စိတ်ကောက်နေပါသော အသည်းလေးအား ချော့ရန်ပြင်ရတော့သည်

"မိုချီလေး.."
သူ့ရဲ့ပါးလေးက ဆန်မုန့်လုံးလေးကို အိအိလေးမို့ ကျွန်တော်က အမြတ်တနိုးနဲ့မိုချီဆိုပြီးပေးထားတာ
ချစ်ရသူကတော့ သဘောအကြီးကြီးကျလေရဲ့..

"ဟီး.. ဟုတ် ပြောပါ Min"

"ဟော ချက်ချင်းပဲစိတ်ကောက်ပြေသွားပြီလား"

"မပြေလို့မှမရတာ ကျွန်တော့်ချစ်သူရေခဲတုန်းကြီးက ချော့မှမချော့တတ်ပဲ"

"နဲနဲပါးပါးတော့ ချော့တတ်ပါတယ်ကွာ"

"အင်းပါ.. ထားလိုက်ပါတော့...
Min ကိုပေးစရာရှိတယ် မျက်စိမှိတ်"

"မဟုတ်တာတွေတော့ မလုပ်နဲ့နော်မိုချီလေး"

"အမလေး ဒီကမိုချီလေးကိုယုံလိုက်စမ်းပါ
ခိုးမကြည့်နဲ့နော်"

ကျွန်တော့်လက်ကို ဆွဲယူပြီး တခုခုကိုချည်ပတ်နေဟန်

"ဖွင့်လို့ရပြီ တာ... ဒါ..."

"ဒီမှာကြည့် ကျွန်တော့ဆီမှာလဲရှိတယ် Min နဲ့ဆင်တူလေး"

"ဒီမှာကြည့် ကျွန်တော့ဆီမှာလဲရှိတယ် Min နဲ့ဆင်တူလေး"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
☂ 𝚂𝚑𝚘𝚛𝚝 𝚜𝚝𝚘𝚛𝚒𝚎𝚜 ☂Where stories live. Discover now