CHAPTER - 8 (Unicode)

3.1K 392 46
                                    

CHAPTER - 8

" ဟေ့ မင်းတို့အခု လက်နက်မပါတဲ့လူကို အနိုင်ကျင့်ဖို့ကြိုးစားနေတာ မရှက်ဘူးကြဘူးလား။ သတ္တိရှိရင် မင်းတို့ငါနဲ့လာတိုက်ကြစမ်း "

ဝါးစိမ်းတုတ်တစ်ချောင်းကိုင်ရင်း စိန်ခေါ်လာသော ဟန်ဆောင်းကိုကြည့်ကာ ဓားသမားငါးယောက် အားရပါးရလှောင်ရယ်လိုက်ကြသည်။ ဓားကိုင်ထားသည့်သူတို့ကို ဝါးစိမ်းတုတ်ဖြင့်စိန်ခေါ်ရဲသူက သာမန်ရူးမိုက်သူမျိုးတော့ မဟုတ်နိုင်။

" အမလေး ရယ်ရလွန်းလို့ ပါးတောင်ညောင်းတယ်ကွာ။ ဝါးရင်းတုတ်လေးနဲ့ ကယ်တင်ရှင်လုပ်ဦးမယ်တဲ့။ အစက တစ်ယောက်တည်းပဲသတ်ဖို့လာတာ နောက်တစ်ယောက်ကို ထပ်သတ်ပေးရမယ့်ပုံပဲ။ ကဲ ကယ်တင်ရှင်ကြီးကို အရင်ရှင်းကြရအောင်ကွာ "

ဓားသမားငါးယောက်လည်း ပြောပြောဆိုဆိုဖြင့် ဟန်ဆောင်းကို စတင်တိုက်ခိုက်လာသည်။ ဟန်ဆောင်းကလည်း သတိကြီးကြီးထားကာ ရန်သူ့ဓားချက်တွေကို ရှောင်တိမ်းရင်း ရန်သူ၏ဟာကွက်ကို ရှာကြည့်နေသည်။
တစ်ချီတွင် ရန်သူ့ဓားချက်ကို ခန္ဓာကိုယ်တစ်ချက်ယိမ်းကာရှောင်လိုက်ရင်း ရန်သူ၏လည်စေ့ကို ဝါးလုံးနဲ့ဆတ်ခနဲလှမ်းတွတ်လိုက်နိုင်သည်။ အားပါလှသဖြင့် ဓားသမားလည်း သူ့လည်ပင်းသူကိုင်ကာ သတိလစ်လဲကျသွားလေတော့၏။

ကံတရား၏ ဖေးမခြင်းပေလား မပြောတတ်။ ကြောက်ချင်ဟန်ဆောင်ကာ ငြိမ်နေခဲ့သော ခရီးသည်အမျိုးသားကလည်း ဖွက်ထားသောဓားကိုဆွဲထုတ်ရင်း ဓားသမားတွေကို အလစ်ဝင်တိုက်လာသည်။ ဟန်ဆောင်းနှင့်ကျောချင်းကပ်ရပ်ရင်း ရန်သူတွေကို ရင်ဆိုင်လိုက်သည်။
ဟန်ဆောင်းအဖို့တော့ ခရီးသည်အမျိုးသား၏ လုပ်ရပ်ကိုအံ့သြနေမိသည်။ အစကကြောက်နေပုံရသောသူက အဘယ်ကြောင့် အခုမှ ဓားထုတ်ပြီးဝင်တိုက်ရပါသနည်း။ အဖြေထွက်သည်အထိ စဥ်းစားဖို့ ဟန်ဆောင်းအချိန်မရ။ ရန်သူတွေကို အမြန်အပြတ်ဖြတ်ဖို့က အရေးကြီးနေလေပြီ။

လူ့ခန္ဓာကိုယ်က ပျော့ကွက်တွေသိထားသော ဟန်ဆောင်းအတွက် ဝါးရင်းတုတ်တစ်ချောင်းက လက်နက်အဖြစ် ကောင်းစွာအသုံးဝင်လှသည်။ ရန်သူ့ဒူးခေါက်ကွေးကို ဆတ်ခနဲကန်လိုက်၊ ခွေကျသွားချိန်တွင် ဝါးရင်းတုတ်ဖြင့်တွယ်လိုက်ဖြင့် ဟန်ဆောင်းအလုပ်ဖြစ်နေသည်။
အချိန်အနည်းငယ်မျှအကြာမှာတော့ ဟန်ဆောင်းလက်ချက်နဲ့ ဓားသမားအားလုံး မှောက်သွားခဲ့သည်။ ခရီးသွားအမျိုးသားကတော့ သူ့ကိုယ်သူကာကွယ်နေရသဖြင့် ဓားသမားတွေကို တိုက်ခိုက်ခွင့်မရလိုက်ချေ။

Daechwita : Unexpectedly Falling You (Taekook/Completed)Where stories live. Discover now