CHAPTER - 12 (Unicode+ Zawgyi)

3K 370 31
                                    

CHAPTER - 12 (Unicode)

" ဟာကွာ မျက်နှာချင်း ဒီလောက်ကပ်နေတာ ဘာလို့မနမ်းကြသေးတာလဲ။ အားမရလိုက်တာကွာ။ ဟန်ဆောင်း တော်တော်ညံ့တာပဲ။ ငါသာဆို ပွဲပြီးနေပြီ "

ဟန်ဆောင်းတို့အခြေအနေကို ခြံအပြင်ဘက်ကနေ ချောင်းကြည့်နေသည့် ဂျွန်းဂျယ် အားမလိုအားမရဖြစ်ကာ  ပွစိပွစိရေရွတ်နေမိသည်။ ထိုစဥ် တစ်စုံတစ်ယောက်က သူ့ကို ဂုတ်ကနေလာဆွဲသဖြင့် ဂျွန်းဂျယ်နောက်လှည့်ကြည့်မိတော့ ခေါင်းမှာပတ်တီးအဖွေးသားနှင့် မိန်းမပျိုလေး။

" ရှင့်ကို ဒီရွာမှာ တစ်ခါမှမမြင်ဖူးပါဘူး။ ရှင် ဘယ်သူလဲ။ ဘယ်က လာတာလဲ။ Jungkookတို့အိမ်ရှေ့မှာ ကုပ်ချောင်းကုပ်ချောင်းနဲ့ ဘာခိုးမလို့ချောင်းနေတာလဲ။ ပြောစမ်းပါဦး "

ဟန်ဆွန်းယောင်းတစ်ယောက် ပြောပြောဆိုဆို ဂျွန်းဂျယ်ကို အနောက်ကနေ လည်ပင်းကိုဖမ်းချုပ်ပြီး အတင်းစစ်မေးနေသည်။ လာချုပ်ထားသူက မိန်းကလေးဖြစ်နေ၍ ဂျွန်းဂျယ်လည်း မရုန်းဘဲ ပြုံးပြုံးကြီးအချုပ်ခံထားလေ၏။

" ကျွန်တော် Jungkookတို့အိမ်က ဘာမှမခိုးချင်ပါဘူးဗျာ။ အိမ်ရှေ့ကွပ်ပျစ်မှာ Jungkookနဲ့​သူ့လင် ချစ်နေကြတာကို ချောင်းကြည့်နေတာပါဗျ။ ကျွန်တော့် ဝတ်ပုံစားပုံနဲ့ ဥပဓိရုပ်က သူခိုးနဲ့တူနေလို့လား။ လည်ပင်းညစ်ထားတာ နည်းနည်းလျှော့ဦး။ မိန်းကလေးဖြစ်ပြီး ကြမ်းတမ်းလိုက်တာ "

" အမယ် ရှင်ပြောတိုင်းယုံရအောင် ကျွန်မကို အချဥ်များမှတ်နေလား။ ရှင်တို့လို ဝတ်ကောင်းစားလှတွေဝတ်ပြီး လိမ်စား၊ခိုးစားနေတဲ့ သူခိုးတွေမှ အများကြီး။ ပြီးတော့ Jungkookက ယောက်ျားလေးလေ ယောက်ျားပြန်ယူစရာလား။ ယုတ္တိရှိအောင် လိမ်စမ်းပါ။ ရှင်ခိုးစားနေတာ သက်တမ်းနုသေးလို့ ထင်တယ် "

" မဟုတ်ပါဘူးဆို ခင်ဗျားကဇွတ်ပဲ။ မယုံရင် အိမ်ထဲဝင်မေးကြမလား။ Jungkookရော ဟန်ဆောင်းရော ကျွန်တော့်ကိုသိတယ် "

" ကောင်းပြီ။ ဒါဆို ခြံထဲဝင်ကြမယ် လာ "

ဟန်ဆွန်းယောင်းလည်း ပြောပြောဆိုဆိုဖြင့် ဂျွန်းဂျယ်ကို အင်္ကျီဂုတ်ကနေဆွဲကာ Jungkookတို့ခြံထဲဝင်လာခဲ့သည်။ ဂျွန်းဂျယ်လည်း ဟန်ဆွန်းယောင်း ဆွဲခေါ်ရာနောက် ကန့်လန့်ကန့်လန့်နဲ့ပါလာခဲ့သည်။

Daechwita : Unexpectedly Falling You (Taekook/Completed)Where stories live. Discover now