CHAPTER - 24 (Unicode)

1.9K 270 82
                                    

CHAPTER - 24

ကျား...!!! ယား...!!

ယောက်ျားသားတို့၏ မာန်ပါပါအော်ဟစ်သံ၊ သစ်သားဓား အချင်းချင်း ထိတိုက်သံတို့က အုပ်ချုပ်ရေးရုံးဝင်းထဲမှာ ဆူညံစွာထွက်ပေါ်နေသည်။ ညနေခင်းအချိန်ဖြစ်၍ ဟန်ဆောင်းနှင့်ရွာသားများ၏ ကိုယ်ခံပညာသင်တန်းလေး ပြုလုပ်နေကြသည်။ သင်တန်းသားအားလုံး   အားကြိုးမာန်တက် သင်ယူနေကြသဖြင့် ဟန်ဆောင်းလည်း အားတက်မိသည်။

သင်တန်းတွင် တစ်ဦးတည်းသော အမျိုးသမီးအဖြစ် လက်ရဲဇက်ရဲအစ်မတော်ကြီး ဟန်ဆွန်းယောင်းက ပါဝင်သင်ကြားလျှက်ရှိသည်။ အကြောင်းပြချက်ကတော့ ဟိုဆော့ကို စောင့်ရှောက်ရန်ပင်။ ဂျွန်းဂျယ်ကတော့ ဟန်ဆွန်းယောင်းသင်သဖြင့် သူပါလိုက်သင်နေသည်။ ဟိုဆော့က လည်း ထို့နည်းတူစွာပင်။

ထူးထူးခြားခြားအနေဖြင့် ယွန်းဂျွန်းတို့ ညီအစ်ကိုငါးယောက်စလုံး ဟန်ဆောင်းဆီမှာ ကိုယ်ခံပညာလာသင်နေကြသည်။ ညနေခင်း ရွာရိုးကိုးပေါက်လျှောက်သွားတတ်သော ညီအစ်ကိုငါးယောက်စလုံးကို မိခင်ဖြစ်သူက ဟန်ဆောင်းဆီလွှတ်ကာ ကိုယ်ခံပညာသင်ခိုင်းခြင်းပါပေ။

ဟန်ဆောင်း၏ နောက်ထပ်သင်တန်းသားကတော့ Jungkookကိုယ်တိုင်ပါပေ။ သူ့ချစ်လင်၏ ပထမဆုံးသင်တန်းသားဖြစ်စေရန် ကြိုတင်ကာနှစ်ကိုယ်ကြား စာရင်းပေးခဲ့ခြင်းဖြစ်သည်။ ဓားရေးလေ့ကျင့်ချိန်တွင်လည်း နှစ်ယောက်သား ယှဥ်ပြိုင်ကာဓားရေးကျင့်နေကြသည်။ ကျွမ်းကျင်သော ဟန်ဆောင်းကို Jungkookတစ်ခါမှ မနိုင်သဖြင့် မထင်ရင်မထင်သလို စိတ်ကောက်တတ်သေးသည်။

" ကိုကိုကလေ ဒီလင်လေးတစ်ယောက်ပဲရှိတာကို နည်းနည်းလေးတောင် အလျှော့မပေးဘူးနော်။ ဓားရေးပြိုင်လိုက်တိုင်း Jungkookလေးပဲ အမြဲရှုံးနေတယ်။ ကိုကိုက Jungkookလေးကို အရမ်းအနိုင်ယူတာပဲ "

မျက်နှာလေး ရှုံ့မဲ့ကာစိတ်ကောက်ပြနေသော Jungkookကြောင့် ဟန်ဆောင်းချော့ရပြန်သည်။ ကိုယ်ခံပညာသင်ပေးရသော တပည့်များထဲတွင် ဒီတပည့်ကအဆိုးဆုံးပါပေ။

" အမလေး Jungookရယ် ကိုကိုက Jungkookလေးကို တကယ်တတ်စေချင်လို့ပါ။ ကိုယ့်ကိုနိုင်အောင် တိုက်နိုင်ရင် Jungookလေးက ဆရာကြီးဖြစ်ပြီလေကွာ။ စိတ်မကောက်သင့်တဲ့နေရာ မကောက်ရဘူးလေနော်။ ယောကျာ်းကို ချစ်တယ်မလား "

Daechwita : Unexpectedly Falling You (Taekook/Completed)Where stories live. Discover now