(Unicode)
သိမ့်တစ်ယောက် အသံသဲ့သဲ့လေးကြားနေရသဖြင့် နိုးလာတော့သည်..မျက်လုံးဖွင့်ပြီဆိုတာနဲ့ ဘေးက ကလေးကို ကြည့်လိုက်တော့ မတွေ့ရပေ..ထို့နောက်မှန်တင်ခုံရှိရာဘက်သို့ ကြည့်မိလိုက်တော့ dryerမှုတ်နေသော ကြယ်စင့်ကိုတွေ့လိုက်ရသည်
"ကလေး အစောကြီးပဲရှိသေးတာကို ရေတောင်ချိုးပြီးနေပြီလား "
သိမ့်အသံကြားတော့ ကြယ်စင်လည်း ထိုင်ရမှထပြီး သိမ့်အနားသို့ ရောက်လာသည်
"ကို နိုးပြီလား ခေါင်းကိုက်နေသေးလား
ကလေးသံပုရာရည်လေးလုပ်ထားတယ် သောက်လိုက်ဦး ""အင်း ကလေး ခေါင်းထဲနည်းနည်းတော့ နှောက်ကြည့်ကြည့်နဲ့ "
သိမ့်လည်း ကြယ်စင်ပေးတဲ့ သံပုရာရည်သောက်ရန် စောင်ကိုဖယ်ပြီး အိပ်နေရာမှ ထလိုက်တော့.....
"ဟင် အဝတ်စားတွေက ကလေးဟာတွေမလား ကို ညကများသွားတာလား "
"ဟားးဟားးးးများ မများတော့မသိဘူး
ကလေးတော့ တော်တော်လေးထိန်းလိုက်ရတယ် ကို့ကိုသောက်နိုင်တယ် ထင်နေတာ ကလေးလောက်တောင် မသောက်နိုင်ဘူးပဲ 😂😂ဟ့ ဟ့ ကိုကို ငမူးလေး ""အဲ့လောက်တောင် များသွားလား ကိုဘာမှမမှတ်မိလိုက်ဘူး ဒါဆို ဒီအဝတ်စားတွေကရော် "
"ကိုအန်ဖတ်တွေပေနေလို့ ကလေးပဲ လဲပေးရတာပေါ့ "
ကြယ်စင်ပြောလိုက်တော့ သိမ့်ခေါင်းလေးကုတ်ကာ ရှက်ပြနေတော့သည်
"ရှက်မနေပါနဲ့ အတွင်းခံတွေထိမလဲပါဘူး
ဒါနဲ့ ကိုက ကလေးထက်ပိုကိတ်တယ်နော်""ဒီကလေးကတော့ "
သိမ့်ပြောပြီး ရှက်တာနဲ့ အမြန်ထကာ ရေချိုးခန်းဆီသို့ ပြေးတော့သည်
"ဟေ့ သံပုရာရည် မသောက်တော့ဘူးလား"
"ပြီးမှပဲသောက်တော့မယ် "
"အာ...တကယ်ပဲ ရှက်နေလိုက်တာ 😁😁"
သိမ့်ရေမိုးချိုးပြီးထွက်လာတော့ ကြယ်စင်က အဝတ်စားလဲ ပြင်ဆင်ပြီးနေသည်...
သိမ့်လည်း ခေါင်းပါလျှော်လိုက်သဖြင့် မှန်ရှေ့ထိုင်ကာ dryerမှုတ်နေတော့သည်..

YOU ARE READING
You are My Sunshine
General FictionYuri Fiction လေးပါဗျ ပထမဆုံးမလို့ ဝေဖန်ပေးကြပါဦးနော် (Unicode + Zawgyi)