ကြယ်စင်တစ်ယောက် ဒီနေ့စောစောသွားချင်တယ်ပြောသောကြောင့် အာကာရော ဆုပြည့်ရော အရွှန်းပါ ကျောင်းသို့စောစောရောက်နေကြသည်...ကျောင်းရောက်တာနဲ့ ထိုင်နေကြဝိုင်းသာ အစားသောက်တွေမှာပြီး ထိုင်စောင့်နေကြတော့သည်..."ကြယ်စင် ဒီမှာကြည့်လိုက် "
အရွှန်းက သူကြည့်နေတဲ့ဖုန်းကို ကြယ်စင်တို့အားလှမ်းပြတော့ ၄ယောက်သား ခေါင်းချင်းဆိုင်ကြည့်လိုက်သည်...
ယွန်းက သိမ့်ကို tag တွဲထားပြီး
#Happy birthday pr ma ma
ဒီနေ့ BD surprise တိုက်တာ ခံလိုက်ရတဲ့ BD girl lay #
ဆိုပြီး မနက်က ကားဂိတ်မှာရိုက်ထားတဲ့ video လေးပင်...ထို videoလေးကို Gp ထဲမှာလည်း ပြန် share ထားကြသည်...
ညဝတ်အင်္ကျီလေးနှင့် ဘာမှမပြင်ဆင်ထားတာတောင် လှပနေတဲ့သူမ...ပျော်နေလိုက်တာများ ကြည့်လိုက်ပါဦး ကလေးလေးကြလို့...တကယ့်ကလေးလေးလိုကို ခုန်ပေါက်နေတာ.... ဘာလို့ ဒီလောက်တောင်ချစ်ဖို့ကောင်းနေရတာလဲဟင်....."ဟယ် မသိမ့်က တကယ်ကိုချောတာနော် ဘာမှပြင်မထားတာကို တော်တော်လေးလှတာ ပြီးတော့ ကလေးလေးကျလို့ ချစ်စရာလေး အဟိ😁 "
"ဘာ အဟိ နေတာလဲ မိန်းမ မရွနဲ့ "
ကြယ်စင်တစ်ယောက် သူ့ကိုကို ကို ဆုပြည့်ကချစ်စရာလေးလို့ ပြောနေတာကြောင့် သဝန်တိုပြီး ပြောထွက်မိသွားသည်...
"နင်ကလည်း လှလို့ လှတယ်ပြောတာကို "
"အေးပါအေ ငါပဲမှားပါတယ်..
ဒါနဲ့ ငါလည်း မကို surprise တိုက်မလို့
အာကာနင် video ရိုက်ထားပေးဦး ""အမယ် နင်က ဘာတွေတိုက်မှာမို့ ငါ့ကို video ရိုက်ခိုင်းနေတာလဲ "
"အဲ့ကျမှကြည့်ပေါ့ video ရိုက်တဲ့ချိန်ကျ တစ်ချက်မှ မပျက်စေနဲ့နော် သေချာလေး ရိုက်ပေး "
"အေးပါ ကြယ်စင်ရယ် "
"ဟိုမှာ မပိုးတော့ ရောက်လာပြီ "
"မပိုး လာ ထိုင် "
"အင်း မောင်လေး
သီရိတို့မရောက်သေးဘူးလား ""ဟုတ်တယ် မပိုး ဖုန်းဆက်ထားတယ် ရောက်တော့မှာတဲ့ "
"သြော် အေးအေး "

YOU ARE READING
You are My Sunshine
General FictionYuri Fiction လေးပါဗျ ပထမဆုံးမလို့ ဝေဖန်ပေးကြပါဦးနော် (Unicode + Zawgyi)