(Unicode)
"ယွန်း ကိုရောကျောင်းလာလား
မနေ့ထဲက ဖုန်းဆက်တာ ဆက်မရလို့ "ယွန်းအတန်းထဲဝင်လာတာနဲ့ ကြယ်စင် တန်းမေးလိုက်ခြင်းဖြစ်သည်....
"မနေ့က မမက အိမ်ပြန်မအိပ်ဘူး ချိုရဲ့ "
"ဟင် အဲ့ဒါဆို ကိုကဘယ်မှာအိပ်တာလဲအခုရော် ဘယ်မှာရှိလဲ ဖုန်းကရော်ဘာလို့ဆက်မရတာလဲ တစ်ခုခုဖြစ်နေလို့လားဟင် "
"အဲ့လောက်လည်း စိတ်မပူပါနဲ့ မမက ဘာမှမဖြစ်ပါဘူး မနေ့ကမေမေ့ဆီကို မပိုးတို့အိမ်မှာ အိပ်မယ်ဆိုပြီး ဖုန်းတော့ဆက်တယ် "
"ကိုက ဘာလို့မပိုးတို့အိမ်သွားအိပ်တာလဲ
မနေ့ကလည်း သီချင်းတက်ဆိုပြီးကထဲက မတွေ့ဖြစ်ဘူး ဖုန်းကလဲဆက်မရဘူး...
ဒါနဲ့..ယွန်း. မပိုးတို့အိမ်သိလား ကြယ်စင်လိုက်သွားချင်လို့ ""ယွန်းလည်း တစ်ခါမှ မရောက်ဖူးတော့ မသိဘူးချိုရဲ့ "
"အင်းပါ ကိုဒီနေ့ အိမ်ပြန်အိပ်ရင်တော့
ကြယ်စင်ဆီကိုဖုန်းဆက်ဖို့ ပြောပေးဦးနော်""အင်းပါ ယွန်းပြောပေးပါ့မယ်"
ကြယ်စင့်စိတ်ထဲ တစ်ခုခုအလိုမကျသလို ခိုးလိုးခုလုဖြစ်နေသည်...တကယ်ဆိုရင် ကိုနဲ့ ကြယ်စင်က တစ်ခါမှဒီလိုမျိုး အဆက်သွယ်မရဘဲ မနေဖူးပါ...စိတ်ဆိုးလို့ဖုန်းမကိုင်ရင်တောင်မှ ၅ခါလောက်ဆက်တိုက်ဆက်ရင် ကိုင်စမြဲ...အခုက ကြယ်စင်ခေါ်နေတာ အကြိမ်ပေါင်းမနည်းတော့ဘူးလေ
ကိုရယ်...ကလေးကိုစိတ်ပူအောင် မလုပ်ပါနဲ့.......""""""""""""""""""""""""""""""""""""""""
"သီရိ အိပ်ပဲ အိပ်မနေနဲ့လေ မနက်စာ ထစားလိုက်ဦး အစာမရှိရင် ရင်တွေတုန်နေလိမ့်မယ် မနေ့ကထဲက ဘာမှမစားဘဲ ငိုပဲငိုနေတာ "
"ငါ စားချင်စိတ်မရှိသေးလို့ပါ ပိုးရယ်..
ငါလေ အခုထိမယုံနိုင်သေးဘူးဟာ
ငါ...ကလေးကိုမခွဲနိုင်ဘူး ကလေးနဲ့ခွဲပြီးနေရရင် ငါသေသွားလိမ့်မယ် "သိမ့်ပြောရင်း မျက်ရည်များနောက်ထပ်စီးကျလာတော့သည်...မနေ့ကလဲ ပိုးအိမ်ရောက်ကထဲက ပိုးကိုပြောပြောပြီး ငိုနေလိုက်တာများ တက်မတက်ပင်....အခုလဲမကုန်နိုင် မခမ်းနိုင် မျက်ရည်တွေထပ်ကျလာပြန်ပြီ.......

YOU ARE READING
You are My Sunshine
General FictionYuri Fiction လေးပါဗျ ပထမဆုံးမလို့ ဝေဖန်ပေးကြပါဦးနော် (Unicode + Zawgyi)