Part 1

4.9K 295 2
                                    

Zawgyi

Tae's side

"ငါတို့လမ်းခွဲကြရအောင်"

ကျွန်တော်တို့နှစ်ယောက်ရဲ့ဇာတ်လမ်းကဒီမှာတင်ပြီးသွားခဲ့ပြီလက်ထပ်ခွင့်တောင်းဖို့ ကျွန်တော်လာခဲ့ပေမယ့် သူကတော့ တခြားသူရဲ့ရင်ခွင်ထဲကနေ ကျွန်တော့်ကို ပြုံးပြီး လှမ်းကြည့်နေလေရဲ့ မင်းရဲ့အပြုံးတေက လူတကာကိုမိန်းမောစေတာကို မင်းမသိလို့ ဒီလိုတေပြုံးနေတာလား Jung Hoseok ကျေးဇူးပြု၍ ငါ့ဆိုတော့အဲ့လိုပြုံးပြီးမကြည့်ပါနဲ့လား တားဆီးမရတဲ့ငါ့မျက်ရည်တေကြောင့် မင်းမျက်နှာလေးကိုမှုံဝါးဝါးကြည့် နေရတဲ့ငါ့ကို နည်းနည်းပါးပါး ငဲ့ညှာသောအားဖြင့် မင်းကိုင်ထားတဲ့ဟိုလူရဲ့ လက်ကိုလွတ်လိုက်ပါလား

"မင်းဘဲပြောခဲ့တာငါနဲ့တစ်သတ်လုံးအတူနေချင်ပါတယ်ဆိုHoseok တစ်သတ်လုံးငါ့လက်ကိုဆုတ်ကိုင်ထားမယ်ဆို ဘာလို့လဲ..ဘာလို့ ငါ့မျှော်လင့်ချက်တေကို 'လမ်းခွဲရအောင်' ဆိုတဲ့စကားတစ်ခွန်းနဲ့ရိုက်ချိုးလိုက်တာလဲ ဘာလို့လဲ..ဘာလို့လဲ "

"ကျစ်....ငါရှေ့မဆက်ချင်တော့ဘူး Tae Hyung ငါ့ကိုလမ်းခွဲပေး"

Tae Hyungတဲ့လား မင်းဘဲအရင်က Tae Hyungလို့ခေါ်တာသူစိမ်းဆန်တယ်ဆိုလို့ Taeလို့အမြတ်တနိုးအဖျားဆွတ်ခေါ်ခဲ့တာလေ ခုတော့အရာအားလုံးပြောင်းလဲသွားပြီလား

"ကောင်းပြီလေ ငါ့ကိုလမ်းခွဲရခြင်းရဲ့ ခိုင်လုံတဲ့အကြောင်းပြချက်ပေး ခိုင်လုံရင် ငါလမ်းခွဲပေးမယ် "

"ဟွန်း Kim Tae Hyung မင်းကိုမင်းအထင်တေသိပ်ကြီးနေလား မင်းလိုဘာမှမရှိတဲ့ ငမွဲနဲ့ငါကရေရှည်လက်တွဲမယ် ထင်နေတာလား"

"ငါမင်းအတွက်နဲ့ အရာအားလုံးစွန့်လွတ်ခဲ့တာလေHoseok"

"ငါမင်းကိုစွန့်လွတ်ခိုင်းခဲ့လို့လား မင်းဘာသာ မင်းမိဘရင်ကိုခြေစုံကန်ပြီး ငါ့ဆီလိုက်လာတာလေ ရှည်ရှည်ဝေးဝေးမပြောချင် ဘူး ငါ့ကိုလမ်းခွဲပေး မင်းငါ့ကိုချစ်တယ်မလား ငါ့ကိုချစ်ရင် ငါကောင်းစားမှာကို မင်းဝမ်းသာပေးလိုက်ပါ ဒီမှာ ငါ့ချစ်သူအသစ် Luke တဲ့ သူကအမေရိကန် ကပြားလေ ချမ်းလဲချမ်းသာတယ် နောက်နှစ်ငါတို့မင်္ဂလာဆောင်တော့မှာ လူကြီးတေလဲသဘောတူတယ် အဲ့တော့ငါတို့ဇာတ်လမ်း ဒီမှာတင်အဆုံးသတ်တာပေါ့"

Hug MeWhere stories live. Discover now