Part 22

1.3K 160 20
                                    

Zawgyi

Tae's side

"ပြောစမ်းပါဦး မင်းမင်္ဂလာပွဲ ပျက်သွားမှ ငါ့ဆီလိုက်လာရတဲ့ အကြောင်း အရင်းလေး"

မဟုတ်ဘူး အဲ့လိုမဟုတ်ဘူး Hyungအထင်လွဲလို့မဖြစ်သေးဘူး

"မဟုတ်ဘူးHyung Hyungထင်သလိုမဟုတ်ဘူး ကျွန်တော်ရှင်းပြတာလေး ခဏလေးနားထောင်ပါ "

"ဟက် ရှင်းပါဦး"

"မင်္ဂလာပွဲပျက်သွားတာက ကျွန်တော့်အစီအစဉ်တွေကြောင့် ကျွန်တော် မေမေတို့ကို အဲ့ဒီမိန်းမ မကောင်းဘူးဆိုတာပြချင်လို့ မင်္ဂလာပွဲလုပ်ပြီး ပွဲမှာ တမင်ချပြခဲ့တာ အဲ့တာကြောင့် မင်္ဂလာပွဲ ပျက်မှာHyungဆီလာတာမဟုတ်ဘူး Hyungဆီလာဖို့ ကြိုတွေးထားပြီးထား ကိစ္စတွေ  အားလုံးပြီးပြတ်သွားအောင် ခဏစောင့်နေလို့ပါ Hyungကိုပြသာနာတွေထဲ ဆွဲမထည့်ချင်လို့ Hyungနားလည်တယ်မလား"

"ဒါဆို မင်းကလေး ကိစ္စကရော ဟမ် မင်းကလေးလို့စွပ်စွဲရအောင်ထိ မင်းနဲ့ အဲ့ဒီမိန်းမနဲ့ ဘယ်လိုအခြေအနေထိရှိခဲ့လဲမှမသိတာ"

"အဲ့ဒီကိစ္စက Hyungကိုဝမ်းမနည်းစေချင်လို့ တမင်မပြောပြခဲ့တာပါ Hyungနဲ့ ချစ်သူမဖြစ်ခင် အရင်တစ်ပတ်ကမေမေခေါ်လို့ အိမ်ကိုသွားခဲ့တယ် အဲ့ဒီမှာ ဘာမပြောညာမပြော မေမေကMiyarနဲ့ အတင်းစေ့စပ်ပေးခဲ့တယ် အဲ့ဒါနဲ့စိတ်ညစ်ညစ်နဲ့ သောက်ပြီးအိမ်မှာဘဲ အိပ်လိုက်တာ မနက်လင်းတော့ Miyarကကျွန်တော့် အခန်းထဲရောက်နေတယ် သူပြောတာ ကျွန်တော်တို့ညက ဖြစ်ခဲ့ကြတယ်တဲ့ ကျွန်တော်တကယ်ယုံခဲ့မိတာ အာ့တာကြောင့် Hyungကိုကျွန်တော်ရှောင်နေမိတာ Hyung Condoကိုလိုက်လာတော့ အာ့တာတွေကြောင့်Hyungကို စိမ်းစိမ်းကားကားပြောမိတာ ဒါပေမယ့်ကျွန်တော်မနေနိုက်ပါဘူး အဲ့ဒီနေ့ဘဲကျွန်တော်တို့ချစ်သူပြန်ဖြစ်ခဲ့ကြတယ် နောက်တော့Miyarကပြောလာတယ် သူ့မှာကိုယ်ဝန်ရှိနေပြီတဲ့ ကျွန်တော်ဘာလုပ်ရမလဲHyungရယ် ကျွန်တော်အများကြီးတွေဝေခဲ့တယ် ကျွန်တော် တာဝန်မယူတက်တဲ့ယောကျာ်းမဖြစ်ချင်လို့ မေမေတို့ကိုလဲ မျက်မှာမပျက်အရှက်မရျစဖို့ ကျွန်တော်ရွေးချယ်မိတယ်Hyungဒါပေမယ့် Hyungထွက်သွားပြီးတော့ ကျွန်တော်သူမအကြောင်း အကုန်စုံစမ်းလို့ရခဲ့တာ အဲ့ဒီအချိန်ကျွန်တော် ဘယ်လောက်ပျော်ခဲ့လဲ Hyungသိရဲ့လား"

Hug MeWhere stories live. Discover now