Part 6

1.5K 211 8
                                    

Zawgyi

Hoseok's side

CEOအသစ်လာမယ့်နေ့မှ မေမေကနေမကောင်းလို့ ဆေးခန်းပို့ပေးနေရတာနဲ့ အလုပ်နောက်ကျသွားတယ် အိမ်ရောက်တော့ ဘာမှတောင်မစားနိုင်တော့ဘူး အိတ်ဆွဲပြီးပြေးရတော့တယ် အရေးထဲbusကားက ကြပ်နေလို့ဒုက္ခရောက်ရသေးတယ် ချွေးတေလဲချွဲနေပြီ ကုမ္ပဏီရောက်ရင် နောက်ကျတဲ့ကိစ္စက ဖြေရှင်းရဦးမယ် ဒီနေ့မှ ဘာလို့ လာမှအဆင်မပြေရတာလဲ
ကုမ္ပဏီရောက်တော့ လူလဲဖတ်ဖတ်မောနေပြီ ကုမ္ပဏီရှေ့ခဏနားပြီးမှ အထဲဝင်သွားလိုက်တယ်
ဝင်ဝင်ချင်း ဒါရိုက်တာ Mim Wooနဲ့တိုးတော့တာဘဲ

"Hoseokဘာလို့နောက်ကျနေတာလဲCEO စိတ်ဆိုးနေပြီး မင်ရောက်ရင် သူ့ရုံးခန်းလာခဲ့ပါတဲ့"

"ဟီး မေမေ့ ကိုဆေးခန်းလိုက်ပြနေလို့ပါ"

"ရီမနေနဲ့သွားတော့ ဟိုက ပိုစိတ်ဆိုးလိမ့်မယ်"

"ဟုတ်သွားပြီ"

"သွား သွား မြန်မြန်သွား"

"ဟီး ဟုတ်"

ရီတာရီပြလာရတယ်CEOအသစ်နဲ့ဘယ်လိုများနှစ်ပါးသွားရမလဲ စိတ်တေညစ်တယ် ဒီနေ့မှဘာလုပ်လုပ်ကိုအဆင်ပြေမနေဘူး ရင်တုန်စွာနဲ့ဘဲCEOရုံးခန်းရှေ့ရောက်လာခဲ့တယ်

"ဒေါက်......ဒေါက်"

"ဝင်ခဲ့"

ဒီအသံ မဟုတ်လောက်ပါဘူး ဒီအသံ သိပ်ကိုရင်းနှီးနေတဲ့အသံ သူမဟုတ်ဘူးမလား မဟုတ်ပါစေနဲ့ လို့ဆုတောင်းပြီး တံခါးကိုဖွင့်လိုက်ပေမယ့် ဆုတောင်းတေမပြည့်ခဲ့ပါဘူး တံခါးရဲ့တစ်ဖတ်ခြမ်းမှာ သူရပ်နေခဲ့တာ သူ သိပ်ကိုလွမ်းနေခဲ့ရတဲ့သူ သိပ်ကိုတွေ့ချင်ခဲ့ရတဲ့သူ သိပ်ချစ်ခဲ့ရတဲ့သူ
ချောလာလိုက်တာTaeရယ် ဒီနှစ်တေအတွင်း အရာရာအဆင်ပြေနေတယ်ထင်ပါ့ ကြည့်ကောင်းလာလိုက်တာ ပြေးပြီးဖတ်လိုက်ချင်ပေမယ့် စိတ်တေထိန်းထားရတယ် အရမ်းလွမ်းနေတာလို့ပြောလိုက်ချင်ပေမယ့် မပြောနိုင်ခဲ့ဘူး သူ့ကိုအငေးလွန်နေခဲ့တယ်ထင်ပါ့ သူခေါ်တာတောင်မကြားလိုက်ဘူးဘဲ မျက်နှာရှေ့ လက်ဝေ့ယမ်းလာမှ သတိပြန်ဝင်တော့တယ် ငါဘယ်လောက်တောင်များ မင်းကိုလွမ်းနေခဲ့တာလဲ

Hug MeWhere stories live. Discover now