Part 10

1.5K 181 31
                                    

Zawgyi

Both's side

Tae-စိတ်တေရှုတ်ထွေးနေလို့ Barမှာ jiminကိုခေါ်ပြီးလာသောက်နေလိုက်တယ်

"Jimin ရာမင်းသိလား ငါသူ့ကိုအရမ်းချစ်တာ"

"သိတယ်လေ ချစ်ရင်ဖွင့်ပြောလိုက်ပေါ့"

"ငါ...ငါကြောက်လို့ သူငါ့ကိုလက်မခံရင်ဘယ်လိုလုပ်မလဲ"

"မင်းကသာကြောက်နေတာ ငါကတော့ သူလဲမင်းကို ချစ်နေသေးတယ်လို့ဘဲထင်တယ် "

"ငါမသိတော့ဘူးကွာ"

"မေမေနဲ့လဲစကားများလာရတယ် မင်းသိတဲ့အတိုင်း ငါ့ကို Miyarနဲ့လက်ထပ်စေချင်နေတယ် ငါHoလေးကိုဘဲချစ်တယ် သူ့ကိုလက်မလွတ်နိုင်ဘူး ငါဘာလုပ်ရမလဲ "

"ဘာလုပ်ရမှာလဲဟုတ်လား မင်းသူ့ကိုချစ်တယ်မလား သူနဲ့ဘဲနေချင်တယ်မလား အဲ့တော့ဘာမှမတွေးဘဲ ရှေ့ဆက်တိုး အကူအညီလိုရင်ငါ့ကိုခေါ်ကွာ"

"အေးကွာ သားရီးရာ ကျေးဇူးဘဲ"

"ရပါတယ်ကွာ ငါသန့်စင်ခန်းသွားဦးမယ် စောင့်နေနော်"

Jimin- Tae Hyung နဲ့စကားပြောပြီး သန့်စင်ခန်းဘက်ထွက်လာတော့ အထဲဝင်မလို့ပြန်တုန်း အထဲကထွက်လာတဲ့သူနဲ့ ဝင်တိုက်မိပါလေရော ဒီလူ ဒီလောက်အားကြီးရလား လူကိုလွင့်ထွက်သွားတာဘဲ အဲ့ဒီလူကိုကြည့်လိုက်တော့ ဆံပင်ကဂုတ်ထိမရောက်တစ်ရောက်ကို အပေါ်ပိုင်းစီးထားတယ် အရပ်ကရှည်သေး ဗလကတောင့်သေး ရုတ်တရက်ကြည့်ရင် လူဆိုးဂိုဏ်းလိုလိုဘာလို ပြောလို့မရဘူး ဟုတ်ရင်လဲဟုတ်နေမှာTattooကထိုးထားသေးတယ် ရုပ်လေးကြည့်တော့မဆိုးပါဘူး Park jiminတို့ရောက်မချောပေမယ့်ပေါ့ ဟွန့်အဲ့လိုဆိုတိုင်း Park Jiminတို့ကကြောက်မယ်ထင်နေလား ဝေးသေး

"ဟေ့ ဒီမှာ ဟိုလူကြီး လူစ်ယောက်လုံးလဲသွားတာ မထူဘဲဘာလုပ်နေတာလဲ"

"မင်းဘာသာ မကြည့်ဘဲဝင်လာပြီးလဲတာလေ ငါနဲ့ဘာဆိုင်လဲ"

Jungkook- သန့်စင်ခန်းကအထွက် ဝင်လာတဲ့ကောင်လေးတစ်ယောက်နဲ့ တိုက်မိတယ် ဘလိုတောင်သေးရတာလဲ လွင့်ထွက်သွားတာ ဟက်လူကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး ဘာတွေဝေဖန်နေမှန်းမသိပေ မယ့်ဒီကောင်လေးက ချစ်စရာလေး သူကလဲဝင်တိုက်သေးတယ် သူကလဲရန်ရှာသေးတယ် စချင်တာနဲ့ပြန်ရန်လုပ်ပေးလိုက်တော့ ထိုင်ရာကမထဘဲစွေ့စွေ့ခုန်နေလေရဲ့ ချစ်ဖို့ကောင်းတယ် ကောင်လေး မင်းကငါ့အပိုင်ဘဲ

Hug MeWhere stories live. Discover now