Part 2

2.1K 241 9
                                    

Zawgyi

Hoseok's side

ကျွန်တော်ရှေ့ ယူကြုံးမရငိုနေတဲ့သူ့ကို ကျွန်တော်ပြုံးပြုံးလေးကြည့်နေမိတယ် စိတ်ထဲမှာကျွန်တော်ကမ္ဘာကြီး ပြိုနေတာသူမှမသိဘဲ ငိုလိုက်Tae ငိုပြီးရင် ငါ့ကိုမုန်းလိုက်ပါ ငါမင်းကိုအရမ်းချစ်တာပြောမပြတော့ဘူး Taeမင်းအဆင်ပြေအောင်နေပါ မင်းဘဝကောင်းစားဖို့အရေး ငါမင်းကိုစွန့်လွတ်ခဲ့ပြီနော်
ငါမင်းကို အရမ်းချစ်ပါတယ်.....

#Flashback

"သား Hoလေး "

"ဗျာ မေမေ"

"Taeလေးနဲ့ ဒီလိုဘဲနေသွားလို့ဖြစ်ပါ့မလား"

"ဘာလို့လဲ မေမေ"

"သူ့မိဘတေက သားတို့ကိုသဘောမတူဘူးမို့လား"

"......................"

"သားရယ် မေမေကစိုးရိမ်လို့ မေးတာပါ"

"သားသူ့ကိုမစွန့်လွတ်နိုင်ဘူး မေမေ"

"ဂရုစိုက်ပေါ့ သားရယ် မေမေကတော့သားတို့ကို ကောင်းတယ်ဆိုးတယ် မပြောလို ပါဘူးကွယ် သားတို့အဆင်ပြေပြီးပျော်ရွှင်ရင်ဘဲ မေမေက ကျေနပ်လှပါပြီ တစ်ခုတော့ရှိတယ် Taeလေး မိဘတေကို သဓိထားနော်သား မကောင်းဘူးလို့ပြောတာမဟုတ်ပေမယ့် လူချမ်းသာတေက အရာရာကိုငွေနဲ့ဆုံးဖြတ်တက်တယ် သားသဓိထားပါ"

"ဟုတ် မေမေ သားသဓိထားပါ့မယ်"

"အေးအေး ဒါဆိုလဲ မေမေ ဈေးသွားလိုက်ဦးမယ် မနက်ဖြန်ဆိုင်အတွက်လိုတာလေးတေဝယ်ဖို့"

"ဟုတ်မေမေ ကောင်းကောင်းသွားပါ အပြန်လာကြိုရဦးမလား"

"ရတယ် မေမေ Taxiနဲ့ဘဲပြန်လာလိုက်မယ်"

"ဟုတ်"

"အာ့တာဆိုမေမေသွားပြီနော်"

ကျွန်တော်တို့ကအမေတစ်ခုသားတစ်ခု သားအမိနှစ်ယောက်တည်းရှိတာ ဖေဖေက ကျွန်တော်ငယ်ငယ်ကဆုံးသွားတာလို့ မေမေကပြောတယ် ကျွန်တော်ကတော့မမှတ်မိတော့ပါဘူး အရင်လကမှ ကျွန်တော်က designပညာနဲ့ကျောင်းပြီးထားတာ ကျောင်းတက်နေရင်းနဲ့ဘဲ Taeနဲ့ဆုံခဲ့တာ Taeကလူချမ်းသား ဥစ္စာပေါရုပ်ချောလေ လူတေအများကြီးထဲကမှကျွန်တော်နဲ့ ချစ်ရေးစုံခဲ့တာ ကံကြမ္မာလို့ပြောရမလား ရေစက်လို့ ပြောရမလား ဝဠ်ကြွေးလို့ ပြောရမလား
အစကတော့ကျွန်တော်တို့အချစ်ရေးကအေးချမ်းခဲ့ပေမယ် လွန်ခဲ့တဲ့တစ်လ ကျွန်တော် ဘွဲ့ယူပြီး ပြသာနာတေစခဲ့တော့တာဘဲ ဘယ်ကဘယ်လို Taeရဲ့မိဘတေက ကျွန်တော်တို့အကြောင်းကိုကြားခဲ့လဲမသိဘူး Taeမိဘတေက ကျွန်တော်တို့ကိုသဘောမတူဘူးတဲ့လေ  သဘောမတူတာက ယောကျာ်းချင်းဆိုတဲ့အကြောင်း ကြောင့်မဟုတ်ဘဲ အဆင့်အတန်းမတူလို့ဆိုတဲ့အကြောင်းပြချက်ပါဘဲ သိတဲ့အတိုင်း Dramaတေထဲကလို မင်းသားမိဘကချမ်းသာလို့ မင်းသမီးကဆင်းရဲလို့ မင်းသားမိဘကမင်းသမီးနဲ့သဘောမတူလို့ခွဲတဲ့အတိုင်းပေါ့အဲ့ဒီကိစ္စတေနဲ့ဘဲ Taeက မိဘတေနဲ့ရန်ဖြစ်လာပြီးအိမ်ပေါ်ကဆင်းလာတယ် ကျွန်တော်တို့အိမ်ရဲ့တစ်ရက်ကွက်ကျော်မှာ ကျွန်တော်ရယ်သူရယ်အိမ်လေးငှါးနေကြတယ် မေမေ့ကိုအနှောက်အယှက်မပေးချင်တာလဲ ပါတာပေါ့
မေမေကအသက်ကြီးပြီလေ ပြသာနာတေကြားဆွဲမခေါ်ချင်ဘူး တစ်ရက်ခြားတစ်ခါမေမေ့အိမ်သွားကြတယ် မေမေ့ခေါက်ဆွဲဆိုင်လေးမှာတော့ကျွန်တော်ကနေ့တိုင်းစားပွဲထိုးဝင်လုပ်ပါတယ် ကျောင်းပီးထားတာမကြာသေးတော့ အလုပ်မရသေးဘူးလေ ခေါက်ဆွဲဆိုင်လေးကတော့ဖေဖေဆုံးပြီးတည်းက မေမေက ကျွန်တော့်ကို ဒီခေါက်ဆွဲဆိုင်လေးနဲ့ ငွေရှာပြီးကျောင်းထားခဲ့တာ မေမေ့ခေါက်ဆွဲဆိုင်လေး က ရက်ကွက်ထဲမှာတော့နာမည်ကြီးဘဲ
Taeကတော့ သူ့သူငယ်ချင်းတေအကူအညီနဲ့ကုမ္ပဏီတစ်ခုမှာ စာရေးအလုပ်ရပါတယ် သူ့လစာက ကျွန်တော်တို့နှစ်ယောက်စားဖို့လုံလောက်ပါတယ် ထွေထွေထူးထူးလဲသုံးစရာမှမရှိတာ
ကျွန်တော်လဲထင်ခဲ့တာပေါ့ကျွန်တော်တို့ဘဝလေးအေးအေးချမ်းချမ်းနဲ့ဒီလိုလေးဘဲနေသွားမယ်လို့
ဘယ်သူထင်မှာလဲသူ့မိဘတေကအဲ့လောက်ထိအကြပ်ကိုင်လိမ့်မယ်လို့
မေမေကျွန်တော့ကိုသဓိပေးပြီး တစ်ပတ်လောက်အကြာမှာဘဲ မေမေ့ရဲ့ခေါက်ဆွဲဆိုင်လေးကိုကျွန်တော်တို့ငှါးထားတဲ့ဆိုင်ပိုင်ရှင်ကဆက်မငှါးနိုင်တော့ဘူးဆိုပြီးဖြတ်သိမ်းသွားခဲ့တယ် မေမေလဲအဆင်ပြေပါတယ်ဆိုပြီး အချိန်ပိုင်းအလုပ်တေရှာလုပ်ခဲ့တယ် ဒါပေမယ့် အလုပ်တေတစ်ခုပြီးတစ်ခုပြုတ်ပြီးအကျပ်အတည်းဖြစ်လာခဲ့တယ် ကျွန်တော်တို့မေ့ခဲ့တာက Taeမိဘတေ ကဒီနိုင်ငံတဝမ်း သူတို့လုပ်ချင်တာလုပ်နိုင်တာကို
Taeလဲအလုပ်ပြုတ်ခဲ့တယ် မေမေလဲစိတ်ပင်ပန်းလူပင်ပန်း ဆေးရုံတင်ခဲ့ရတယ် လူကြီးရောဂါကြောင့်ရောနှလုံးရောဂါအခံကြောင့်ပါ ခံနိုင်ရည်မရှိခဲ့ဘူး
ဒီအကြောင်းတေTaeကိုမပြောပြဖြစ်ဘူး သူ့ကြောင့်ဆိုပြီးဝမ်းနည်းရမှာစိုးလို့ အဲ့ဒီကိစ္စတေဖြစ်ပြီးသုံးရက်အကြာမှာဘဲTaeမိဘတေကျွန်တော့်ကိုဆက်သွယ်လာတယ်

Hug MeWhere stories live. Discover now