(Part-4)(Z&U)

30 4 2
                                    


( ZG)

* ပြာလဲ့လဲ့ကောင်းကင်ပြင်ကြီးရဲ့အောက်
အဆုံးမရှိသောပင်လယ်ပြင်ရဲ့အဝေးဆုံးနေရာ
ဟိုး...အဝေးဆုံးဆိုတဲ့တနေရာမှာ
ရှင်သန်နေပါလေ.....
ကျွန်တော့ရဲ့အဝါရောင်တိမ်လုံးလေး *

" အဖေ....ကလေးကိုကျွန်တော့အစ်မက....
အဲ့ဒီတော့...ကျွန်တော်ကပဲတောင်းပန် ''

" တော်ပြီ....ဟွန်းလေး...ဆယ်ရာရဲ့အမှားက
မင်းရဲ့အမှားမဟုတ်တာမို့်တောင်းပန်စရာမလို
ဘူး ''

" ဒါပေမယ့်လည်း.....''

" ရတယ်...ဒီအဖေအဆင်ပြေတာမို့...ဟူး......
ခဏ လေညှင်းခံထွက်လိုက်ဦးမယ် ''

လေညှင်းခံထွက်မယ့်အဖေဟာ....
အိမ်ရှေ့ထွက်ပြီး လူသူကင်းမဲ့နေတဲ့မျက်နှာချင်း
ဆိုင်ကအိမ်လေးကိုရပ်ကြည့်နေခဲ့ပါတယ်....

တခါတလေမှာ....မဟုတ်ဘူး အမြဲတမ်းလိုပေါ့
နားမလည်နိုင်တဲ့အပြုအမူတွေအမြဲလုပ်တတ်သူ
နွေးထွေးပြီး...ကြင်နာတတ်တဲ့သူ
အသက်ရှိစဉ်ကအမြဲဒုက္ခတွေပဲပေးခဲ့တဲ့
အိုဆယ်ရာ ရဲ့မောင်ဖြစ်တဲ့ကျွန်တော့ကိုတောင်
သူ့ရဲ့သားအဖြစ်မွေးစားပေးခဲ့သူ

အဲ့ဒီလိုလူက....

ဒီအသက်အရွယ်ထိအချစ်ရေးကံမကောင်းခဲ့ပါ
ဘူးတဲ့....

ကျွန်တော်တို့ဟာ
အချစ်ဦးကိုရင်ထဲမှာပဲထားပြီး
လွမ်းဆွတ်မှုတွေကိုမသိကျိုးကျွန်ပြုခဲ့ကြတယ်

ဒီလိုနဲ့.....
အရမ်းလှပြီးအထီးကျန်စရာကောင်းတဲ့
ပင်လယ်ရဲ့နေဝင်ချိန်တွေ
စွဲမက်စေတဲ့နွေဦးပန်းပွင့်လေးတို့ရဲ့ရနံ့တွေ
အလွမ်းပုံပြင်တွေနဲ့တူတဲ့မိုးရေစက်အချို့ 
အေးစက်နေတဲ့ပထမဆုံးနှင်းပွင့်လေးချပ်တွေ
ထိုအရာတွေနဲ့အတူ အချိန်စက်ဝန်းကြီးက
နာကျင်ခြင်းတွေပါထွေးပွေ့စေခဲ့ပါတယ်..........

>>>>>>>>>>>>>
>>>>

တစ်စုံတစ်ယောက်ကိုမေ့ဖျောက်နိုင်ဖို့
အခြားတစ်ယောက်ကိုအစားထိုးချစ်လို့ရနိုင်ပါ
သလား???

2016----

အထက်တန်းနောက်ဆုံးနှစ်စာမေးပွဲမဖြေမှီ
နှစ်ပတ်အလို...

🌸First spring🌸Where stories live. Discover now