(Part-5) (Z&U)

19 3 3
                                    

(ZG)

*တိုက်ဆိုင်မှုလား
ရေစက်လား မသိပေမယ့်
ကံကြမ္မာက ကျွန်တော်တို့ကို
မှော်ဆန်တဲ့တွေ့ဆုံမှုမျိုးနဲ့ဆုံတွေ့စေပါတယ်
အရမ်းကို ဆန်းကြယ်လွန်းတဲ့ကံကြမ္မာအဖြစ် *

ကောင်းကင်ကြီးက ဒီနေ့
အရင်နေ့တွေကထက်လှနေပါတယ်
တိမ်စိုင်ဖြူ တွေနဲ့ကောင်းကင်ပြာတို့ဟာ
တွဲဖက်တွေလိုပဲ အရမ်းကိုလိုက်ဖက်လွန်းတယ်
ကောင်းကင်ကိုမော့ကြည့်နေတဲ့အချိန်ဆို
အချိန်တွေကနှေးသွားသလိုခံစားရတယ်
သူနဲ့တွေ့တဲ့အချိန်တွေမှာခံစားရတဲ့ခံစားချက်မျိုး
အဲ့ဒါကြောင့်....ကောင်းကင်ကြီးကိုငေးကြည့်ရ
တာကို အရမ်းသဘောကျခဲ့တယ်....

" Aigoo..ပန်းပင်ကိုရေလောင်းနေတာလား
ရေနှစ်သတ်နေတာလား ''

" ဟင်....ဆောရီး Omma ပြန်ရောက်ပြီလား ''

အတွေးတွေထဲနစ်မြုပ်နေတဲ့ရှောင်လုဟန် တို့
Omma ရဲ့အသံစူးစူးကြောင့် လန့်သွားရှာလေ
သည်

" အေး...ပြန်ရောက်ပြီ...မင်းဖုန်းမြည်နေတာ
သိကောသိရဲ့လား ''

" အာ..ဟုတ်သားပဲ...''

Omma ပြောမှ ပတ်ဝန်းကျင်ကအသံတွေကို
သတိထားမိပြန်သည်

" ဟယ်လို....ဟုတ်ကဲ့ကျွန်တော်ပါ...ဗျာ...
တကယ်လား...နောက်လို့ကောင်းတဲ့အရာမဟုတ်တာသိတယ်မလား ''

" ဘာတဲ့လဲ....''

" Omma ကျွန်တော့ကိုလေ ဆေးရုံကပြန်ခေါ်
နေတယ် လူနာရဲ့ကျေးဇူးကြောင့်ဆိုလားပဲ ''

အချိန်ပိုင်းအလုပ်လုပ်နေရတဲ့ လုဟန် လေး
ဆေးရုံကဆရာဝန်လိုင်စင်ပြန်ရပြီ ဆိုသည့်
သတင်းကောင်းလေးကိုအကြောင်းကြားလာ
သည်မို့ Omma အားအောင်နိုင်သူအကြည့်တို့
နှင့်ကြည့်ကာဆိုလာသည်

" တကယ်လား....Aigoo ငါတို့သားလေးတော်
လိုက်တာ ယူထားတဲ့ဘွဲ့ကိုအသုံးချလို့ရပြီပေါ့ ''

" အစ်မကြီးရှောင် ဒီနေ့အသားချက်ကျွေးရင်
ကောင်းမှာပဲ ''

" မင်းဦးလေးကိုဖုန်းဆက်ပြီးမှာလိုက်...အလုပ်
ဆင်းရင် သုံးထပ်သားနဲ့မက်ဂျူ ဝယ်ခဲ့ဖို့ ''

🌸First spring🌸Waar verhalen tot leven komen. Ontdek het nu