( Part-6) (Z&U)

15 3 1
                                    

(ZG)

နာကျင်မှာကြောက်လို့ ရှောင်ပြေးခဲ့မိတဲ့
ငါ့ရဲ့အတိတ်တွေက ငါ့ဆီပြန်ရောက်လာပါပြီ

" ကျွန်တော့ကိုမှတ်မိတာလား ''

တစ်လှမ်း.....နောက်တစ်လှမ်း

Sehun က ခြေတလှမ်းတိုးရင် Luhanကနောက်ကိုတလှမ်းဆုပ်ရင်းမှအခုဆို luhanရဲ့နောက်
မှာနံရံကြီးသာရှိတော့သည်။

Sehunလည်းစချင်တာနဲ့ နံရံကိုသူ့ရဲ့လက်နဲ့
ထောက်ထားလိုက်သည်။
Sehunရဲ့လက်ဟာ luhanရဲ့ခေါင်းကိုပင်ကျော်
နေသည်မို့ ချောင်ပိတ်မိနေသည့်အနေအထား
ဖြစ်နေသည်။

**အခုငါ့နွေဦးလေးနဲ့ငါဟာအရမ်းကိုနီးကပ်နေတဲ့အနေအထားမှာရှိနေပါတယ် **

" ဘယ်လိုထင်လဲ ငါကမင်းကိုမှတ်မိနေလား ''

" မပြောတတ်ဘူး...မှတ်မိနေတာ....လား ''

" ဘာလို့...မဟုတ်တော့ဘူး....လောလောဆယ်
မင်းရဲ့အခန်းက ဒီဘက်...''

မျက်တောင်မခတ်တမ်း သူ့ကိုမော့ကြည့်နေတဲ့
Luhan ကြောင့် Sehunလက်ကိုဖယ်ပေးလိုက်
တော့တယ်။

Sehun ညွှန်ပြတဲ့အခန်းလေးဘက်ကိုလျှောက်
လာကာ ဟိုဟိုဒီဒီလျှောက်ကြည့်ဖို့လည်းမမေ့
Luhan နေရမယ့်အခန်းရဲ့မျက်နှာချင်းဆိုင်က
အခန်းရဲ့တံခါးလေးကဟလို့နေသည်မို့မရမက
ချောင်းကြည့်ဖို့လည်းမမေ့

" အဲ့ဒီအခန်းထဲကို ဝင်ဖို့မကြိုးစားနဲ့...ငါမရှိရင်
တောင်မှ ''

" အာ...ဟုတ်ကဲ့ ''

* TV ကြည့်နေရင်းက ငါချောင်းကြည့်တာလည်းမြင်တာပဲလား*

လေစိမ်းတိုက်သည့်အနေအထားလေးမို့ ဘာမှ
အထွေအထူးမေးမနေတော့ဘဲကိုယ်နေရမယ့်
အခန်းလေးထဲသာဝင်လိုက်တော့သည်။

" ဝါး...မိုက်တယ်...မျက်နှာကျက်ကအပြာရောင်
လေးပဲ...ပြတင်းပေါက်လည်းကျယ်ပြီး၊လေ
ကောင်းလေသန့်လည်းရတယ်၊ညဘက်ဆို
ကောင်းကင်ကိုကြည့်လို့လည်းရတယ်...လုံးဝ
ကွက်တိပဲ...''

* စဉ်းစားကြည့်တော့မှ...ငါ့ကိုမှတ်မိနေတာပဲ*

ပျော်နေသင့်လား...ဝမ်းနည်းသင့်လား မသိပေ
မယ့်...ရင်ခုန်နေတာတော့အမှန်ပါပဲ...
အချစ်ဦးနဲ့အတူ...တစ်အိမ်တည်းမှာ အနီးဆုံး
မှာရှိနေတဲ့ခံစားချက်က အရမ်းကောင်းတယ်...

🌸First spring🌸Where stories live. Discover now