Book(33)
Gp3 (773 to 850)
ဘာသာပြန်ဆိုသူ သကြားလုံးလေး
အပတ်စဉ် သောကြာ စနေ တနင်္ဂနွေ တနလာင်္နေ့
Private Gp..... freeက စဖတ်မယ်ဆို အများကြီး ဖတ်ရပါမယ်
စောင့်မျှော်စရာလည်း မလိုအပ်တော့ပါဘူး
🤘🤘🤘🤘🤘🤘🤘🤘🤘🤘
Gp3 (အပိုင်း 773 မှ 850) (1000ks)
Gp4 (အပိုင်း 851 မှ 962) (2000ks)
Gp-5(အပိုင်း 963 မှ 1042) (2000ks)
Gp-6(အပိုင်း 1043 မှ 1122)(2000ks)
Gp-7(အပ်ုင်း 1123 မှ 1202) (2000ks)
Wave pay= 09784327525
Ph bill = 09899327577 (mpt) +500
Ok $ = 09969332009
Kpay=09969332009
800+801
အပိုင်း(၈၀၀)
စိတ်စုစည်းဆေးရည် အုတ်အော်သောင်းတင် ဖြစ်ခြင်း (၅)
ရဲ့ချီစိတ်ထဲမှာတော့ ရဲ့ချီမို့က ဩဇာအာဏာ ရှိတဲ့ ယောက်ျားကောင်း ဖြစ်ပြီး သူ့ကို မကောင်းကြံဖို့ မလွယ်ကူဘူးလို့ မှတ်ယူထားတယ်။
“ရုံအာ….အိမ်ပြန်ပြီး ငါ့သတင်းကို စောင့်နေ။ အခုချက်ချင်း အစ်ကိုကြီး သွားရှာပြီး အမှန်တရားကို သတင်းပေးလိုက်မယ်”
သူမမှာ ရဲ့ရှီမို့နဲ့အတူတူ အန္တရာယ်ကို ရင်ဆိုင်ဖို့ သတ္တိရှိသော်လည်း သူတို့ရဲ့ စိတ်ဓာတ် အမှန်ကို ဖော်ထုတ်ချင်သေးတယ်။
“ချီချီ… ဒါက အသုံးမဝင်ဘူး”
ရွှယ်ရုံအာလည်း မဲ့ပြုံး ပြုံးလိုက်တယ်။
“ရဲ့အစ်ကိုက နင့်ကို ယုံကြည်မှာ မဟုတ်ဘူး… နင်ဘာလုပ်လုပ် အသုံးမဝင်ဘူး”
“ဒါဆို ငါ ဘာလုပ်သင့်လဲ၊ ဒီလူတွေက ငါ့အစ်ကိုကြီးကို လှည့်ဖျားနေတာလေ”
ရဲ့ချီလည်း လက်သီးကို ကျစ်နေအောင် ဆုပ်ထားတယ်။ သူမရဲ့မျက်နှာက စိုးရိမ် ပူပန်မှုကို ဖော်ပြနေလေရဲ့။
ရွှယ်ရုံအာလည်း လေးလေးနက်နက် ပြောလိုက်တယ်။
“ငါ့မှာ နည်းလမ်း ရှိတယ်…”
“ဘာလဲ”
ရဲ့ချီလည်း ရုံအာကို ခေါင်းမော့ ကြည့်လိုက်တယ်။
“ဘာနည်းလမ်းလဲ”
ရွှယ်ရုံအာလည်း နူးနူညံ့ညံ့ ခပ်တိုးတိုး ရယ်လိုက်တယ်။
