818 to 821 Unicode

1K 86 1
                                        

Book(33)
Eng name Ghost Emperor Wild Wife
Arthor Xiao Qi Ye
Translator သကြားလုံးလေး Cho Thin Mar
818-821
စုစုပေါင်း၄ပိုင်း

အပိုင်း(၈၁၈)
ငါ့အပြစ် မဟုတ်ဘူး(၁)

ရွှယ်ရုံအာမှာ ပြတ်တောင်း ပြတ်တောင်းနဲ့ ရှိုက်ကြီးတငင် ငိုကြွေးနေတော့တယ်။ သူမရဲ့မျက်လုံးများဟာလည်း မျက်ရည်များဖြင့် စိုရွဲနေတော့တယ်။ တစ်ချက်မျှ ကြည့်လိုက်ရင်တော့ သူမရဲ့စကားလုံးများက ဟောင်ဟောင်ကို အပြစ်မယူဖို့ ပြောနေတယ်လို့ ထင်ရသော်လည်း အမှန်တကယ်တော့ လူသတ်ပြီး မီးရှို့သူက ဟောင်ဟောင်လို့ မီးမောင်းထိုးပြနေခြင်းပါ။

အရင်တုန်းက သူမကို မညှာမတာ ရိုက်နှက်တည်းက ဒီကောင်မလေးဟာ ဘာမဆို လုပ်ရဲမှာပဲလေ။

ရဲ့ချီ နှလုံးသားမှာ ဒေါသမီးလျှံများ ပေါက်ဖွားလာကာ ဟောင်ဟောင်ကို ပြစ်ဒဏ်ခတ်ဖို့ သွားရောက် ရှာဖွေချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာရတယ်။ သို့သော်လည်း သွေးအေးတဲ့ ရဲ့ရှီမို့မျက်ဝန်းများကို ပြန်လည် မြင်ယောင်လာတော့ သူမရဲ့ အတွေးများကို ပယ်ထုတ်လိုက်ပါတယ်။

“ရုံအာ… ငါနဲ့အတူတူ ရဲ့အိမ်တော်ကို လိုက်ခဲ့… သူမလုပ်ခဲ့လာဆိုတာ မေးစမ်းကြည့်မယ်၊ အခုဆို နင့်မှာ သွားစရာ နေရာ မရှိဘူးမလား၊ ရက်အနည်းငယ်လောက် နင့်ကို ရဲ့အိမ်တော်မှာ နေထိုင်ခွင့်ပေးဖို့ မွေးစားအမေကို တောင်းပန်စကား ပြောပေးမယ်”

ရွှယ်ရုံအာလည်း တအံ့တဩ ဖြစ်သွားလို့ ငိုကြွေးဖို့ မေ့လျော့သွားခဲ့ပါတယ်။

ရဲ့ချီ၏ စိတ်နေစိတ်ထား အရဆိုရင် သူမ စကားကြောင့် ဝုန်းဒိုင်းကြဲ သောင်းကျန်းပြီး သူမအတွက် ဟောင်ဟောင်ကို ချက်ချင်း သတ်မှာလေ…. အခုတော့ ဘယ်လိုများ ဖြစ်ရတာလဲ။ ဘာကြောင့်များ အမှန်တရားကို စုံစမ်းဖို့ တွေးကြံနေလဲ။

ဘာပဲဖြစ်ဖြစ်ပါလေ… ဒီညတော့ ရဲ့အိမ်တော်မှာ နေထိုင်ခွင့် ရပြီလေ။ သူမမှာ ယွမ်ရှောင်ကို ပိုင်ဆိုင်ဖို့ အခွင့်အရေး ရပြီလို့ ပြောလို့ ရတယ်။ သူမကို ယွမ်ရှောင် ချစ်သွားရင်… ရဲ့မြို့တော်ဟာ သူမလက်ထဲက နယ်ရုပ်လေး ဖြစ်သွားပြီ။

သရဲဘုရင်၏ ချစ်လှစွာသော ဇနီးဆိုးလေး Book4Where stories live. Discover now