842 to 845 Unicode

1.2K 96 6
                                        

842-845
အပိုင်း(၈၄၂)

ယွမ်လော့ဖုန်းလည်း ပြုံးနေလိုက်ပါတယ်။

“ကျွန်မက သမားတော် တစ်ယောက်ဆိုတာ မမေ့သင့်ပါဘူး…သွေးနှစ်ခုရော သွားရင် သူတို့တွေ ငြင်းဆန်လို့ မရတော့ဘူး၊ သွေးရင်းသားရင်း စစ်ဆေးမှုက ပြဿနာ မရှိဘူး”

ကျွင်းဖန်လျန်လည်း ပြန်မမေးခင်မှာ အချိန် အကြာကြီး တိတ်ဆိတ်နေမိပါတယ်။

“ဖုန်းအာ… သမီး ဒီလိုတွေ လျှောက်လုပ်နေတာ အမေတို့ရဲ့ မမွေးဖွားရသေးတဲ့ ကလေးကို ကာကွယ်ပေးချင်လို့လား”

ဒီကောင်မလေးက ဉာဏ်ကောင်းတော့  ကျွင်းဖန်လျန်က ကိုယ်ဝန်ကိစ္စကို ဖော်ပြချင်တာကို မခန့်မှန်းမိဘဲ နေပါ့မလား။ သူမ ဒီလိုလုပ်ရင် ကျွင်းဖန်လျန် နဲ့ အပေါင်းအပါတွေက သူမကို အသက်ချမ်းသာခွင့် ပြုမှာ မဟုတ်ဘူး။

“ဟုတ်ပါတယ်”

ယွမ်လော့ဖုန်းလည်း မငြင်းဆန်ပါဘူး။

“ဖုန်းအာ… သမီး ဒီလိုလုပ်ပေးဖို့ မလိုအပ်ပါဘူး… ရှောင်အာနဲ့ သမီးကလည်း အမေ့အတွက် အရေးကြီးတယ်၊ သမီးတို့ကို မစွန့်စား စေချင်ဘူး၊ အမေ့ကြောင့် သမီးတို့ ဒုက္ခရောက်မှာကို စိတ်အေးချမ်းစွာ နေနိုင်ပါ့မလား”

ယွမ်လော့ဖုန်းလည်း ကျွင်းဖန်လျန်ရဲ့ ဝမ်းဗိုက်ကို သူမရဲ့ လက်ချောင်းများကို ခပ်ဖွဖွလေး ပွတ်သပ်ရင်း ပြုံးလိုက်ပါတယ်။

“ရဲ့မိသားစုကို ရင်ဆိုင်တိုက်ခိုက်ပေးတာက ကျွန်မရဲ့ မမွေးဖွားရသေးတဲ့ မောင်လေး ၊ ညီမလေးကို လက်ဆောင်ပေးတာပါ”

‌မောင် နဲ့ ညီမ ဟုတ်လား။

ကျွင်းဖန်လျန် နဲ့ ရဲ့ကျင်းချန်းလည်း ပျော်ရွှင်မြူးထူးသော မျက်ဝန်းများဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်တယ်။

“သမီးရဲ့အမေက လိင်မတူညီတဲ့ အမွှာကို ကိုယ်ဝန်ဆောင် ထားတယ်လို့ သမီး ပြောချင်တာလား”

ရဲ့ကျင်းချန်းမှာ ပျော်ရွှင်လွန်းလို့ ကျွင်းဖန်လျန်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းကာ နမ်းရှိုက် လိုက်ပါတယ်။

သရဲဘုရင်၏ ချစ်လှစွာသော ဇနီးဆိုးလေး Book4Where stories live. Discover now