၈၀၈+၈၀၉

1.2K 104 1
                                        

Book(32)

Gp3 (773 to 850)

ဘာသာပြန်ဆိုသူ သကြားလုံးလေး

အပတ်စဉ် သောကြာ စနေ တနင်္ဂနွေ တနလာင်္နေ့

Private Gp..... freeက စဖတ်မယ်ဆို အများကြီး ဖတ်ရပါမယ်

စောင့်မျှော်စရာလည်း မလိုအပ်တော့ပါဘူး

🤘🤘🤘🤘🤘🤘🤘🤘🤘🤘

Gp4 (အပိုင်း 851 မှ 962) (2000ks)
Gp-5(အပိုင်း 963 မှ 1042) (2000ks)
Gp-6(အပိုင်း 1043 မှ 1122)(2000ks)
GpGp(အပ်ုင်း 1123 မှ 1202) (2000ks)

Wave pay= 09784327525
Ph bill = 09899327577 (mpt) +500
Ok $ = 09969332009
Kpay=09969332009
808+809

အပိုင်း(၈၀၈)
ငတုံးမ ရွှယ်ရုံအာ (၂)

အဘိုးအိုရဲ့မျက်နှာထားက ဆိုးဆိုးရွားရွား ပြောင်းလဲ သွားတော့တယ်။ သူလည်း ရဲ့ချီကို ကြောက်ဖို့ကောင်းသော မျက်ဝန်းများဖြင့် ကြည့်လိုက်တယ်။ ရွှယ်ရုံအာလည်း မျက်နှာ မရွှင်ပါဘူး။  သူမရဲ့ အသုံးမကျတဲ့ ဆရာ့နာမည်ကို မပြောခဲ့သင့်ဘူး။

ဒီလူက ဘာအလုပ်မှ ဖြစ်ဖြစ်မြောက်မြောက် မရှိဘူး၊ ဘာဆိုဘာမှ ယုံကြည်ကိုးစားလို့ မရဘူး။

“ဝူလင်း ဟုတ်လား”
ကျွင်းဖန်လျန်လည်း ပြုံးလိုက်တယ်။
“ဒီကုန်းမြေစုမှာ ရှင့်နာမည်ကို မကြားဖူးဘူး၊ ရှင့်ဆရာက ဘယ်သူလဲ”

အဘိုးအိုရဲ့မျက်နှာအသားအရောင်က မည်းမှောင်သွားပြီး လက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်တယ်။ သူ့ကျောပြင်မှ ချွေးစေးများ ကျဆင်းနေတာပေါ့။
“မင်းက ပညာမဲ့လို့ ငါ့နာမည်ကို မသိတာ၊ ငါ့ဆေးပညာက ကမ္ဘာပေါ်မှာ အတော်ဆုံးလို့ ပြောလို့ မရပါဘူး၊ ဒါပေမဲ့ သေချာတာတော့ ဒုတိယ အကောင်းဆုံး ဖြစ်နိုင်ပါတယ်”

“ဒီလိုလား”
သူမလည်း အချီကြီး ပြုံးကာ အဘိုးအိုအနား ဖြည်းဖြည်းချင်း လမ်းလျှောက်သွားတယ်။
“ငါ့ကို အခုချက်ချင်း ကုသပေး၊  ရှင့်အရည်အချင်းကို သိချင်တယ်”

အဘိုးအိုလည်း အံကြိတ်လိုက်တယ်။
“ငါပြောခဲ့တဲ့ စကားကို ဘယ်တော့မှ ပြန်မရုပ်သိမ်းဘူး၊ ဒီကောင်မလေး မတောင်းပန်ရင် ငါ့ဘက်က မကုသပေးနိုင်ဘူး”

ဒီစကားကို ပြောလိုက်ချိန် ရေခဲတမျှ အေးစက်တဲ့ ဓားရှည်က သူ့လည်းပင်ပေါ် နေရာယူသွားကာ သူ့လှုပ်ရှားမှုကို ရပ်တန့်သွားစေပါတယ်။

သရဲဘုရင်၏ ချစ်လှစွာသော ဇနီးဆိုးလေး Book4Where stories live. Discover now