^ 1 ^

3.2K 277 9
                                    

#Zawgyi


" ဝုန်း....ခလွမ်း.....အား...သေပါပီ "

" Kim Seok Jin!!!!!!!!! "

အိမ်ရှေ့မှ အသံတေကြောင့် Mrs. Kim မီးဖိုချောင်ထဲ ဟင်းချက်နေရာမှ အပြေးထွက်လာတော့ ထင်တဲ့အတိုင်း
သားတော်မောင်က ပြသနာရှာထားလေရဲ့

" ကုန်ပြီတော်....ပန်းအိုးလေးရွှေ့ခိုင်းပါတယ် တစ်ခါတည်း
ခွဲပစ်တော့တာပဲ....အိမ်ကပန်းအိုးတေအကုန် နင့်လက်ချက်ကြောင့် ရစရာကို မရှိတော့ဘူး " ဟုဆိုရင်း

လက်ထဲမှကိုင်လာသော ယောင်းမဖြင့် ' ဂေါက် ' ကနဲမြည်အောင် ခေါက်ပလိုက်သည်

" အ....နာတယ် ommaရ....ရေညှိတေနဲ့ ချော်ပြီး လွတ်ကျသွားတာပါ အစ်မကြီး ကင်တို့က စိတ်ကြီးပဲ...

ပန်းအိုးပဲ ဂရုစိုက်နေ...ဟောဒိကအဖိုးတန် သားချောလေး
ချော်လဲပြီး ဒဏ်ရာ ရတာတောင် မမြင်ဘူး! "

" ခင်များလေး ခွဲလိုက်တဲ့ ပန်းအိုးတေများနေပြီဆိုတာလေး
သတိရအုံး....တကယ်ပဲ....သွား...ပေနေတဲ့ မြေကြီးတေကို
ရေဆေး...ပြီးရင် ဆေးထည့်ပေးမယ် "

" ဟဲ...ဟဲ... သားပြန်ဝယ်ပေးတယ်လေ ပန်းအိုးတေကို "

" အလိုတော်....မင်းပဲ ပြန်ဝယ်ပေးပြီး...မင်းပဲ ခွဲနေတာလေ...ပန်းအိုးဆိုင်ကို လုပ်ကျွေးနေလိုက် "

" သူများစီးပွားရေးကိုကူညီတာကုသိုလ်ရပါတယ် အမေရဲ့"

" တော်တန်တိတ်.....ဒီလို နမော်နမဲ့ နိုင်ပုံနဲ့တော့ ရင်လေးတယ် အလုပ်မှာ အဆင်လေးပြေနေလို့် တော်သေးတယ်
အမောင်ရေ "

" အစ်မကြီးကင်တို့ကလည်း ဒါပဲပြောလို့ကိုမပြီးဘူး....
အမေ့သားလို ရုပ်ချောပြီး ချစ်ဖို့အရမ်းကောင်းတဲ့
ကောင်လေးကို ဘယ်သူမှ အပြစ်မပြောဘူး....အဲဗရီးသင်း အစ် ဖိုင်း.... အယ်....ဟင်းအိုးကြီး တူးနေဦးမယ် "

သူပြောလိုက်မှ သတိရကာ နောက်ဖေးကိုပြေးဝင်သွားတဲ့
အစ်မကြီး ကင်ရယ်ပါ

ပန်းအိုးအကွဲတေကို ရှင်းပြီး အမှိုက်တစ်ခါတည်း သွားပစ်လိုက်ပြီးမှ အိမ်ပေါ်တက် ရေမိုးချိုးပြီး အဝတ်အစားလဲကာ
ဆေးသေတ္တာ နဲ့ ထိုင်စောင့်နေလိုက်သည်.....

My Secretary KimWhere stories live. Discover now