^ 3 ^

1.5K 226 16
                                    

#Zawgyi

သေသာသေလိုက်ချင်တော့တယ် ကင်ဆော့ဂျင် ရာ
CEOနဲ့မှ နမ်းမိ..အယ်လေ တိုက်မိရတယ်လို့....
ဒါမဲ့လည်း သတိရတဲ့ အရိပ်အယောင်မတွေ့ရတာမို့
သက်ပြင်းချမိသည်....ဟန်မြစ်ကကိစ္စအား
မမှတ်မိရင် သိပ်ကောင်းမှာပဲ.....

ကော်ဖီခွက်လေးကို ကိုင်ကာ
အခန်းတံခါးအား ဖြည်းညင်းစွာဖွင့်ကာ ဝင်လာလိုက်တော့
စောနကအတိုင်း ပြောင်းလဲမှုမရှိ တည်ငြိမ်အေးဆေးစွာ
အလုပ်လုပ်နေတဲ့ CEO နဲ့မတူစွာ

သူ့မှာတော့ ရင်တုန် လက်တုန်နေရတဲ့အဖြစ်...
စားပွဲရှေ့ရောက်ခါနီးမှ တစ်ဆင့်တည်းသော
လှေကားထစ်လေးကိုမှ ခလုတ်တိုက်မိပြန်တော့
ရှေ့ကို ကိုယ်ကယိုင်ထွက်သွားကာ
လက်ထဲမှ ကော်ဖီခွက်လေးကတော့

" အမေ့......ခလွမ်း "

ကင်ဆော့ဂျင် မျက်လုံးတေပြူးကာပူထူသွားရသည်...
ဒီကနေ့အဖို့ အလွဲလွဲ အချော်ချော်တေဖြစ်လို့
ပြီးအုံးမှာလား... အလုပ်ထွက်စာမတင်ချင်သေးဘူး😭

" တောင်း...တောင်းပန်ပါတယ် သူဌေး..ကျွန်တော့်ကြောင့်
အနှောင့်အယှက်ဖြစ်သွားရပြီ "

အလျင်အမြန်တောင်းပန်ကာ ကျကွဲသွားတဲ့ ဖန်ကွဲစတေအား အလျင်စလို ကောက်သိမ်းမိတော့ လက်ရှသွားရသည်

" အ!... "

ထိုစဉ် သူ့ရဲ့မြင်ကွင်းရှေ့သိုရောက်လာတဲ့
ရှူးဖိနပ်အနက်ရောင်တစ်စုံနဲ့အတူ ဒူးတစ်ဖက်အား
ထောက်ချလာရင်း ဖန်ကွဲစ ရှသွားတဲ့ လက်ကို ဆွဲယူကာ
လက်ကိုင်ပဝါနှင့် အုပ်ကိုင်ပေးလာသော လက်တစ်စုံကြောင့် သူ အံသြစွာ မော့ကြည့်မိတော့
အနက်ရောင် မျက်ဝန်းတစ်စုံနဲ့ ဆုံတွေ့မိလေရဲ့

" သတိထား....နောက်ဆို ဖန်ကွဲစတေကို လက်လွတ်စပယ်မကောက် မိစေနဲ့ "

သူ့မျက်ဝန်းအား စိုက်ကြည့်ကာ အေးစက်စွာ သတိပေးလာသော စကားသံတို့ကြောင့် သူကိုယ်လေးအား
ကျုံ့ကာ ခေါင်းငုံ့လိုက်ပြီး

" ဟုတ်...ဟုတ်ကဲ့..နောက်မဖြစ်စေရပါဘူး "

ဆုပ်ကိုင်ထားတဲ့ လက်အား မလွတ်ပေးသေးပဲ
မတ်တပ်ရပ်လိုက်တဲ့ သူဌေးကြောင့် သူ့အား
ဆွဲထူသလို ဖြစ်သွားလေရဲ့

My Secretary KimWhere stories live. Discover now